Main menu

ဟင်းနုနယ်ရွက်ကို သီးထပ် စိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ

Powered by Drupal
Mon, 06/08/2026 - 11:36 -- consumer_admin

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ရှားဖြူကုန်းကျေးရွာနှင့် ကုန်းကြီးကျေးရွာရှိ ခြံစိုက် တောင်သူများသည်  ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းတိမ်မနိုင် ပန်းများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါသည်။ မိုးဦးမကျမီဧပြီလ စတုတ္တပတ်တွင် တောင်သူတစ်ချို့မှာ ပန်းတိမ်မနိုင် ပန်းမြောင်းများကိုလည်း ရေလောင်းခြင်းလုပ်ငန်းကို လည်းလုပ်ကိုင်ကြရာ သီးထပ်သီးနှံအဖြစ်  ပန်တိမ်မနိုင်ပန်းမြောင်းများ ပေါ်တွင် ဟင်းနုနယ်များကို စိုက်ပျိုးကြကြောင်းသိရသည်။

ဟင်းနုနယ်ကို အကျယ်နှစ်ပေခန့် ၊ အရှည်၁၆ပေခန့် ရှိသော ပန်းမြောင်းများပေါ်တွင်မြေ  အနည်းငယ်ဆွ၍ မျိုးစေ့ကို တိုက်ရိုက်ချ စိုက်ပျိုးကြ၍ စိုက်ပျိုးပြီး(၂၀-၂၅)ရက်သားရှိပါကစတင်နှုတ်ယူ ရောင်းချကြောင်း၊ တစ်မြောင်းလျှင် စတင်နှုတ်ယူရောင်းချချိန်မှ ကုန်ဆုံးချိန်ထိ(၄-၅)ကြိမ်ခန့် နှုတ်ယူရောင်းချရပြီး တစ်ကြိမ်လျှင် အစီးရေ (၁၀၀)ခန့် ဖြင့်အစီးရေစုစုပေါင်း (၄၅၀)ခန့်ထွက်ရှိ၍ အစီး (၁၀၀)လျှင်ခြံပေါက်ဈေး ပျှမ်းမျှ (၃၅၀၀)ကျပ်ခန့် ရရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဘိုး၊ သွင်းအားစု စုစုပေါင်းကုန်ကျစရိတ် (၄၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ထွက်ရှိလာသော ဟင်းနုနယ်များကို ကြို့ပင်ကောက်မြို့နှင့် မြို့နယ်တွင်း ရောင်းချရန် တစ်ဆင့် ပြန်လည်ရောင်ချသူများမှ အိမ်အရောက် ဝယ်ယူမှုရှိကြောင်း၊ စိုက်ပျိုးချိန်သက်တမ်းတို့သည့် ဟင်းနုနယ်ကို သီးထပ်သီးနှံအဖြစ် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိကြောင်း စိုက်ပျိုးတောင်သူများထံမှသိရသည်။

DOCA(ပဲခူး)