
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နေ တိုင်ကြားသူ တစ်ဦးသည် မော်တော်ယာဉ်ပြုပြင် ရေးအလုပ်ရုံမှ ဝန်ဆောင်ခရယူခြင်းနှင့် မထိုက် တန်သော ဝန်ဆောင်မှုများသာ ပေးအပ်လျက်ရှိပြီး ဝန်ဆောင်မှုရယူသူအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း၊ အချိန်ကုန်ခြင်းနှင့် အခြားသော ထိခိုက် ဆုံးရှုံးမှုများ တွေ့ကြုံခံစားနေရပါသောကြောင့် လိုအပ်သည်များ စစ်ဆေးအရေးယူ ညှိနှိုင်းပေးပါရန် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား သူနှင့်တိုင်ကြားခံရသည့် မော်တော်ယာဉ်ပြုပြင်ရေးအလုပ်ရုံမှ တာဝန်ရှိသူတို့အား (၁၀)ကြိမ် တိုင်တိုင် ခေါ်ယူတွေ့ဆုံ၍ စုံစမ်းမေးမြန်းခြင်းနှင့် စေ့စပ်ညှိနှိုင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ နှစ်ဦး နှစ်ဖက်သဘောတူညီမှုအရ တိုင်ကြားသူက မော်တော်ယာဉ်ပြုပြင်ခနှင့် ပစ္စည်းတန်ဖိုးကုန်ကျငွေ စုစုပေါင်း ၁၁,၁၂၁,၀၀၀/- ၏ တစ်ဝက်ဖြစ်သော ငွေကျပ် ၅,၅၆၀,၅၀၀/- ကို မော်တော်ယာဉ် ပြုပြင်ရေးအလုပ်ရုံသို့ ပေးချေခဲ့ပြီး ကျန်ငွေများကို ပေးချေရန်မလိုကြောင်း နှစ်ဦးနှစ်ဖက် သဘောတူ ညီမှုရရှိခဲ့ကြသဖြင့် ပုံစံ(၉)တွင် လက်မှတ်ရေးထိုးခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။
