Main menu

မအူပင်မြို့နယ်တွင် သရက်ပြင်များ ပြုလုပ်ထွက်ပေါ်လျှက်ရှိ

Powered by Drupal
Mon, 05/18/2026 - 13:42 -- consumer_admin

              မအူပင်မြို့နယ်တွင် သရက်သီး စိုက်ဧက ၁၂၇၉၀ စိုက်ပျိုးထားကြောင်း မြို့နယ်စာရင်း များအရ သိရသည်။ စိုက်ပျိုးသော သရက်သီးများမှာ မန္တလေးသရက်၊ စိန်တစ်လုံးသရက်၊ စသည်တို့စိုက်ပျိုးကြသည်။ သရက်သီးများကို သရက်ပြင် နှစ်စဉ် ထုတ်လုပ်သူများက ဝယ်ယူ၍ သရက်ပြင်ကြိုကာ မအူပင် သရက်ပြင်မှာ ကောင်းမွန်၍ လူကြိုက်များသော အစားအစာ တစ်ခုဖြစ်ကြောင်း သိရသည်။

        သရက်ပြင်ကို အဓိကအားဖြင့် မန္တလေးရင်ကွဲသရက်သီး သို့မဟုတ် စိန်တစ်လုံးသရက်သီး ကဲ့သို့သော အမှည့်စားသရက်သီးမျိုးများဖြင့် ထုတ်လုပ်ကြသည်။ သရက်ပြင်ထုတ်လုပ်ရာတွင် သရက်သီး ၁၂ ပိဿာခန့် ကို လုပ်ငန်းစဉ် အတိုင်း ပြုပြင်ကျိုချက်ရာမှ အရည်အသွေးကောင်း ရေရှည်အထားခံမည့် သရက်ပြင် ၁ ပိဿာ ခန့် ထွက်ရှိသည်ဟူ သိရသည်။ သရက်ပြင်ပြုလုပ်ရာတွင် သရက်သီးမှည့်များကို ရေစင်အောင်ဆေး၊ အခွံနွှာပြီးနောက် ဆန်ခါဖြင့် တိုက်၍ အနှစ်သန့်သန့်ကို ရယူရသည်။ သရက်သီးအနှစ် အလေးချိန်၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ရှိသော သကြား ထည့်၍ ဆားအနည်းငယ်ထည့်ကာ ကြိုချက်ရသည်။ ကျိုပြီးသားအနှစ်များကို ဆီသုတ်လိမ်းထားသော စတီးဗန်း သို့မဟုတ် လင်ဗန်းများတွင် ခပ်ပါးပါးဖြန့်ခင်း၍ နေရောင်အောက်တွင် (၃) ရက်ခန့် နေလှမ်းအခြောက်ခံရပါသည်။ (မိုးတွင်းကာလ နေရောင်မရပါက မီးမပူကြက်တိုက်၍ အခြောက်ခံရသည်၊၊ တစ်ချိုမှာ ငှက်ပျောဖတ်ဖြင့် နေလှန်းကြသည်။ သရက်ပြင် ထုတ်လုပ်သူသည် သရက်သီးကုန်ကြမ်းရရှိမှုပေါ် မူတည်၍ တစ်နှစ်လျှင် သရက်ပြင် ကုန်ချော ပိဿာချိန် ၅၀၀ မှ ၈၀၀ ပိဿာခန့် ထုတ်လုပ်နိုင်ပြီး သရက်ပြင်ထုတ်လုပ်သူ လုပ်ငန်းရှင် ၃၀ဦးခန့် မအူပင်မြို့နယ်တွင် ရှိကြသည်။ ၂၀၂၆ခုနှစ် မေလ သရက်ပြင်ဈေးနှုန်းအနေဖြင့် ၁ပိဿာလျှင် ၁ပိဿာ ၂၀၀၀၀ ကျပ်ဖြင့် စတင်ရောင်းချနေပြီး ယခင်နှစ်က ၂၀၂၅ခုနှစ် ၆လပိုင်းက သရက်ပြင် ဈေး ၁ပိဿာ ၁၂၀၀၀ခန့် ဖြင့် ရောင်းချခဲ့ကြပြီး ၁ပိဿာ ၁၅၀၀၀ကျပ်ခန့် အမြင့်ဆုံးရောင်းချခဲ့ရကြောင်း၊  ယခုနှစ် သရက်ပြင်ဈေးကောင်းမွန်လျှက်ရှိကြောင်း၊ သရက်ပြင်များ ထုတ်လုပ် သူများပြားလာပါက ဈေးကျဆင်းခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း အိုင်ဝိုင်းကျေးရွာမှ သရက်ပြင်ထုတ်လုပ်သူ ဦးခင်ဦးထံမှ သိရသည်။

Doca (ဧရာဝတီ)