Main menu

ရာသီစာ “သခွားသီး”

Powered by Drupal
Mon, 05/18/2026 - 11:12 -- consumer_admin

          ကယားပြည်နယ်တွင် သခွားသီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာတွင် အများဆုံး စိုက်ပျိုး ကြပြီး မိသားစုစားသုံးရန်နှင့်အပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ သခွားသီးကို မိုးရာ သီ မေ၊ ဇွန် လနှင့်ဆောင်းရာသီ အောက်တိုဘာလများတွင် အဓိက စိုက်ပျိုးကြသည်။ ကယား ပြည်နယ်အတွင်း သခွားသီးစိုက်ဧက(၀.၅)မှ(၁)ဧကခန့်ရှိပြီး ဒေသတွင်းဖူလုံမှုရှိပါသည်။ သခွားသီး စိုက်ပျိုးရာတွင် အများအားဖြင့် အပင်မှအနွယ်တက်ရန် ၅ပေမှ၆ပေခန့်ရှိသော ဝါးခြမ်းများဖြင့် တိုင် ထောင်စင်တင်စနစ်ကို အသုံးပြု၍ စိုက်ပျိုးကြပါသည်။ အပင်ကြား၊ တန်းကြားတစ်တန်းနှင့် တစ် တန်း ၁.၅ပေ၊ တစ်ပင်နှင့်တစ်ပင် ၁.၅ ပေ ခွာ၍ စိုက်ပျိုးလေ့ရှိသည်။ သခွားသီးသည် ရေဓာတ် (၉၆%)ခန့်ပါဝင်သဖြင့် အပင်ကြီးထွားချိန်နှင့်အသီးတင်ချိန်တွင် ရေကိုပုံမှန်လောင်းပေးရန် အထူး အရေးကြီးသည်။ အသီးတင်နှုန်းကောင်းမွန်စေရန်နှင့် အသီးအက်ခြင်း၊ ပုံပျက်ခြင်းမှကာကွယ်ရန် ဘိုရွန်ဓာတ်များဖြည့်စွက်ပေးသင့်သည်။ သခွားသီးစိုက်ပျိုးသည့် မျိုးစေ့ပေါ်မူတည်ပြီး အထွက်နှုန်း ကွာခြားနိုင်ပါသည်။သခွားပင်ကို စနစ်တကျစိုက်ပျိုးပါကတစ်ဧကလျှင် ပိဿာချိန်(၅၀၀၀)မှ (၈၀၀၀) ခန့် အထိထွက်ရှိနိုင်ပါသည်။ သက်တမ်းအားဖြင့် စိုက်ပျိုးပြီး (၄၅)ရက်ခန့်တွင် အသီးများကို ခူးဆွတ် နိုင်ပါသည်။ စတင်ခူးယူပြီးနောက်ပိုင်း (၂)ရက်တစ်ကြိမ်နှုန်းဖြင့် သက်တမ်းကုန်ဆုံးချိန်အထိ (၁၀) ကြိမ်မှ (၁၅) ကြိမ်ခန့်အထိ ခူးဆွတ်နိုင်ပါသည်။ အချိန်ကိုက်စိုက်ပျိုးခြင်းဖြင့် အခြားဒေသမှ သခွား သီး အဝင်နည်းချိန် (ဥပမာ-ရာသီစာမဟုတ်သည့်အချိန်) ဈေးကွက်ထဲရောက်ရှိပါက ဈေးကောင်း ပို ရနိုင်ပါသည်။ သခွားသီး(၁)ဧက စိုက်ပျိုးရာတွင် ထွန်ယက်ခြင်းနှင့် ဘောင်ဖော်ခြင်းအတွက် မြေပြင် ကုန်ကျစရိတ်မှာ(၁၅၀၀၀၀)ကျပ်ဖြစ်ပြီး၊ အပင်(၁)ပင်ချင်းစီ(သို့မဟုတ်) အပင်(၁)ကျင်းချင်းစီ အတွက် ယူရီးယားဓာတ်မြေဩဇာ(၁၀-၁၅)စီခန့်နှုန်းကျွေးရပြီး စရိတ်မှာ(၁၅၀၀၀၀)ကျပ်ခန့် ကုန်ကျပါသည်။ စင်တင်ရန်တိုင်ထောင်ဝါးအလုံး(၃၀၀၀)ခန့်၊ ပလက်စတစ်အုပ်လိပ်(၃)လိပ်ခန့်နှင့်အပင်ထိန်းကြိုးများ စသည့် အထောက်အကူပစ္စည်းများနှင့် ပေါင်းလိုက်ခြင်း၊ ရေသွင်းခြင်းနှင့် ခူးဆွတ်ခြင်းတို့အတွက် လုပ်သားခမှာ စုစုပေါင်းကုန်ကျစရိတ် တစ်ဧကလျှင်(၂၀၀)ဂရမ်မှ(၃၀၀) ဂရမ်ခန့်လိုအပ်ပြီး မျိုးစေ့ ဖိုးမှာ ပျမ်းမျှ(၁၂၀,၀၀၀)ကျပ်ဝန်းကျင် ရှိနိုင်ပါသည်။ ကယားပြည်နယ် ဒေသထွက်သခွားသီးများကို အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ တောင်သူများ ကိုယ်တိုင်သော်လည်းကောင်း တဆင့် ပြန်လည်ရောင်းချသူများအား လက်ကားပေး၍သော်လည်းကောင်း ဒေသတွင်းသာ ရောင်းချကြသည်။ ဈေးနှုန်းအားဖြင့် သခွားသီး အရွယ်စားပေါ်မူတည်၍ တစ်လုံးလျှင် (၅၀၀)ကျပ်မှ(၆၀၀)ကျပ်ခန့်ထိ ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦး ထံမှ သိရှိရပါသည်။

DOCA(ကယား)