ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးတောင်သူများအစုမှာ ရာသီပေါ်သီးနှံအပြင် နှစ်ရှည်သီးနှံများကိုပါ စိုက်ပျိုးကြပါသည်။မက်မန်းသီးနှံကို ပြင်ဦးလွင်တွင်(၉၅၃)ဧက စိုက်ပျိုးကြောင်းသိရှိရပါသည်။ မက်မန်းပင်သည် ပင်လယ်ရေမျက်နှာပြင် ၃၅၀၀ အထက်တွင်ကောင်းစွာဖြစ်ထွန်းပါသည်။မက်မန်း ကိုပြင်ဦးလွင်မြို့နယ်တွင်အများဆုံးစိုက်ပျိုးသောကျေးရွာများမှာ ဆင်ဖြူအင်း၊ ပန်းဦးတောင်၊ညောင် ကုန်း၊ကုန်းကော်၊မျှော့တောနှင့် မိုးကြီုးကျေးရွာများတွင်စိုက်ပျိုးကြပါသည်။ မက်မန်းပင်ကိုပင်ခြား၊ တန်းခြား(၂၀x၂၀)စိုက်ပျိုးပြီး (၁)ဧက (၁၉၃)ပင်စိုက်ပျိုးနိုင်ပါသည်။ အပင်သက်တမ်း(၄)နှစ်ကျော် လျှင်အသီးစတင်ခူးဆွတ်နိုင်ပါသည်။အဓိကလိုအပ်သောသွင်းအားစုမှာ တီစူပါ၊ပိုတက်၊ယူရီးယားတို့ ဖြစ်ပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ခြံရှင်းခ၊ကျင်းတူးခနှင့်အပင်စိုက်ခြင်းစုစုပေါင်း သိန်း(၅၀)ကျော်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် သိန်း(၇၀)ကျော်ရရှိပြီး နှစ်ရှည်သီးနှံဖြစ်သော ကြောင့်စိုက်ပျိုးသောတောင်သူများ တွက်ခြေကိုက်သော အပင်မျိုးဖြစ်ပါသည် ။ အရွယ်ရောက်သော အပင်တစ်ပင်အထွက်နှုန်းမှာ(၀.၅၀)မှ(၁.၅၀)အထိထွက်ရှိပြီး(၁)ဧကလျှင်ပျမ်းမျှတင်း(၂၄၀)ထွက်ရှိပါသည်။ မက်မန်းကို သီးစားမျိုး နှင့် ဆားရည်စိမ်မျိုးဟူ၍ခွဲခြားပြီး သီးစားမျိုးမှာအညိုရောင်နှင့် ဆားရည်စိမ်မျိုးမှာ အနီ၊အဝါဟူ၍ခွဲခြားထားပါသည်။ဆားရည်စိမ်မျိုးမှ မက်မန်းအချဉ်ပေါင်း၊ဝိုင်၊ ယို၊ တော်ဖီပြုလုပ်ပြီး လက်ရှိဆားရည်စိမ်(၁)ပြည်လျှင်(၆၀၀၀/-)ကျပ်ရောင်းချပြီး မက်မန်းဝိုင်(75ml) တစ်ပုလင်းလျှင်(၂၀၀၀၀/-)ကျပ်၊ မက်မန်းဝိုင်(50ml) တစ်ပုလင်းလျှင်(၁၅၀၀၀/-)ကျပ် စျေးနှုန်းများ ဖြင့်ရောင်းချရပြီး ယခုထွက်ရှိသော မက်မန်းများကို ပြည်တွင်းနေရာအနှံရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
