Main menu

‘ကြက်သွန်နီအစိမ်းစားခြင်းရဲ့ကောင်းကျိုးများ’

Powered by Drupal
Mon, 05/11/2026 - 15:08 -- consumer_admin

 

              ကြက်သွန်နီကို ပုံစံအမျိုးမျိုးနဲ့ဟင်းလျာအမျိုးမျိုးထဲမှာထည့်စားတတ်ကြပါသည်။ကြက်သွန်နီကိုအစိမ်းစားတာမျိုးရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ်ချက်စားတာ စသဖြင့်အမျိုးမျိုးစားကြပါသည်။ကြက်သွန်နီကအနံ့ပြင်းတာကြောင့်အစိမ်းစားဖို့တော်တော်များများကမကြိုက်ကြပါဘူး။

          ကြက်သွန်နီအစိမ်းစားပေးခြင်းကြောင့် ကြက်သွန်နီမှာပါဝင်သော ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာနှင့်နှလုံးရောဂါအပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။ ကြက်သွန်နီအစိမ်းမှာပါဝင်သော quercetinလို့ ခေါ်တဲ့ဒြပ်ပေါင်းကသွေးတိုးကိုကျစေသလို အရောင်လည်းကျစေပါသည်။ကြက်သွန်နီအစိမ်းစားပေးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီးသွေးခဲတာ၊ သွေးကြောထဲမှာအဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက် စေနိုင်တဲ့ အခြေအနေ တွေကိုကာကွယ်ပေးပါသည်။

          ကြက်သွန်နီအစိမ်းစားပေးခြင်းဖြင့် အစာခြေစနစ်ကိုလည်း  ကောင်းမွန်စေပါသည်။  ကြက်သွန်နီအစိမ်းမှာအမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသောကြောင့်အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေဖို့ရာအစာမကြေတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဝမ်းချုပ်တာမျိုးကင်းစေပြီး အူမကြီးကို ကျန်းမာစေဖို့ပါများစွာ အထောက်အကူပြုပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေ နိုင်ပါသည်။ ကြက်သွန်နီမှာ ဗီတာမင်C ပါဝင်နေတာကြောင့်ကိုယ်ခံအားကို ကောင်းစေပြီး သွေးဖြူဉဆဲလ်တွေ ထုတ်လုပ်မှုကို  တိုးမြှင့်ပေးနိုင်ပါသည်။ အအေးမိဖျားနာတာတွေကို သက်သာစေ နိုင်သလို အခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေမဖြစ်စေနိုင်ဖို့ အတွက်လည်း များစွာအထောက်အကူပြုပါသည်။

          ကြက်သွန်နီမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေသောကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသည်။အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း လျှော့ချပေး နိုင်ပါသည်။အရိုးပါးတာမျိုးဖြစ်နိုင်ချေကိုလည်းလျှော့ချပေးနိုင်ပါသည်။ကြက်သွန်နီအစိမ်းမှာပါတဲ့ aIIyI propyi disulfide လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီးအမျိုး အစား(၂)မျိုးရှိပါသည်။ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အမျှင်ဓာတ် ပါဝင်နေတာကလည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြား ဓာတ်မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

          ကြက်သွန်နီအစိမ်းစားပေးတာက ကျန်းမာရေးအကျိုးကျေးဇူးများတဲ့အပြင် ကယ်လိုရီပါဝင်မှု နည်းသလိုအဆီလည်းပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုပါသည်။ ကြက်သွန်နီစားသုံးပေးခြင်းကြောင့်  ကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမယ့်  အများကြီးမစားသုံးသင့်ပါ။ အများကြီးစားသုံးမိလျှင်ရင်ပူတာမျိုး၊ပါးစပ် ပူစပ်ပူလောင်ဖြစ်တာမျိုးကို ခံစားရနိုင်ပါသည်။ အစာအိမ် ရောဂါရှိသောသူများကြက်သွန်နီအစိမ်းစားသုံးခြင်းကိုရှောင်ရှားသင့်ပါသည်။

          ကြက်သွန်နီက ဘေဘီလေးတွေကို ကျွေးမယ်ဆိုရင် အခြားအစာအသောက်တွေလို ဓာတ်မတည့်မှုဖြစ်စေနိုင်ခြေက အတော်လေးကိုနည်းပါတယ်။အစာမကြေ၊လေပွတာမျိုးတော့ဖြစ်စေနိုင်ပါသည်။ကလေးတွေကို ကြက်သွန်နီထည့်ချက်ထားတဲ့ဟင်းတွေကို ကလေးအသက် ၆လလောက်ကနေ စပြီး ကျွေးပေးလို့ရပေမယ့် ကြက်သွန်နီအစိမ်းလိုက်ကျွေးတာကိုတော့ တစ်နှစ်ပြည့်ပြီးမှသာကျွေးသင့်ပါ

သည်။

          ကြက်သွန်နီတွင်ပါဝင်သောအာဟာရဓာတ်များမှာ   -(၁)အမျှင်ဓာတ်  (၂)ရေဓာတ်  (၃)ပိုမ်  (၄)ဗီတာ မင်C ()ဖောလိတ်စသောအာဟာရဓာတ်များပါဝင်နေပါသည်။

          ကလေးများကို ကြက်သွန်နီ ကျွေးခြင်းကြောင့် ရောင်ရမ်းမှုကိုသက်သာစေပြီး ကလေးများ အတွက်  ပန်းနာရင်ကြပ်လိုမျိုး ကျန်းမာရေးပြဿနာများကင်းစေနိုင်သလို အသက်ရှူလမ်းကြောင်းကို လည်းသက်သာစေနိုင်ပါသည်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကလေးတွေအသက်ရွယ် ရလာတဲ့အခါ နှလုံးရောဂါမဖြစ်စေဖို့ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။

          ကြက်သွန်နီမှာ ဗီတာမင်C ကြွယ်ဝစွာပါဝင်နေတာကြောင့် ဘက်တီးရီးယားကူးစက်မှုကို ကာကွယ်ပေးသလို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသည်။ဗီတာမင်C ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ့်ကိုယ်သံဓာတ်စုပ်ယူမှုကောင်းစေဖို့အကောင်း ဆုံးထောက်ပံ့ ပေးနိုင်ပါသည်။

          ကြက်သွန်နီအစိမ်းက ကလေးတွေမှာခံစားရနိုင်သော နှာစေး၊ နှာပိတ် ပြဿနာကို ကင်းစေဖို့ အထိရောက်ဆုံးအားဖြည့်ပေးနိုင်သလို ချောင်းဆိုးသက်သာစေဖို့လည်း ကူညီပေးပါသည်။ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့်ကျန်းမာရေးကို တော်တော်လေး အထောက် အကူပြုပါသည်။ ကြက်သွန်နီမှာဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ကင်ဆာဖြစ်စေနိုင်တဲ့အရာ တွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါသည်အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေမ ဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။ကင်ဆာကျိတ်တွေကို ထပ်မပွားလာအောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။

          ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ကျစေနိုင်ပြီး နှလုံးကိုသွေးတိုးကြောင့် ထိခိုက်တာမျိုး မဖြစ်အောင်လည်းကာကွယ်ပေးပါသည်။ သွေးခဲပိတ်ဆို့မှုတွေ မဖြစ်အောင်လည်းကာကွယ်ပေးပါသည်။

          ကြက်သွန်နီအစိမ်းသည် ဗီတာမင်Cကြွယ်ဝမှုကြောင့် ကော်လဂျင်ထွက်ရှိလာအောင် လှုံဆော်ပေးသောကြောင့်ဆံသားနှင့်အရေပြားကိုများစွာ အထောက်အကူပြုပါသည်။

DOCA(ရှမ်း)