Main menu

မုန်လာဥဖြူ၏ကျန်းမာရေး

Powered by Drupal
Tue, 04/28/2026 - 15:51 -- consumer_admin

                   မုန်လာဥဖြူဆိုသည်မှာ ရိုးတံစိမ်းစိမ်း အရွက်ဖားဖားမုန်လာပင်၏ အမြစ်ဥကိုခေါ်ဆိုခြင်းဖြစ် သည်။  အရွက်ထက် ဥကိုအဓိကထားစားကြပြီး အဖြူရောင်ရှည်မြောမြောပုံစံရှိသလို ပုဝိုင်းဝိုင်းပုံစံ လည်းရှိပါသည်။ အရသာမှာ အစိမ်းတိုင်းစားလျှင်ခပ်စပ်စပ်အရသာရှိပြီး ချက်စားလျှင် ချိုသောအရ သာရှိပါသည်။ မုန်လာဥဖြူကိုချဉ်ရည်ဟင်းချက်စား၍ရသလို သုပ်စားခြင်း၊ ချဉ်ဖတ်ထည့်စားခြင်းစ သဖြင့်အမျိုးမျိုးချက်ပြုတ်စားသုံးလေ့ရှိသည်။ မုန်လာဥဖြူတွင် ပိုတက်ဆီယမ်၊ ဖောလိတ်၊ နီယာဆင်၊ ဗီတာမင် B6၊ ဗီတာမင်K၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကော့ပါး၊ မဂ္ဂနိစ်၊ ဆိုဒီယမ်နှင့် riboflavin စသည့်အာဟာရဓာတ်များစွာပါဝင်ပါသည်။ မုန်လာဥဖြူစားသုံးပေး ခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်ချေကို ထိထိရောက်ရောက်ကာကွယ်ပေးခြင်း၊ သွေးတွင်းသကြား ဓာတ်ကိုထိန်း ညှိပေးပြီး သွေးတွင်းကိုလက်စထရောကိုလည်းကျဆင်းစေနိုင်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သော ကြောင့် ဝမ်းမှန်စေဖို့အထောက်အပံ့ပေးခြင်း၊ ခန္ဓာကိုယ်နှင့်ခံတွင်းတို့တွင် မှိုပိုးကူးစက်ခြင်းမှလည်း ကာကွယ်ပေးခြင်း၊ ရာသီအကူးအ‌ပြောင်းကြောင့်ဖြစ်တတ်သော ဖျားနာမှု့မှလည်း ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဖလေဗာနွိုက် ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာစေပြီး နှလုံး သွေးကြောဆိုင်ရာရောဂါများ မဖြစ်အောင်လည်းကာကွယ်ပေးနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုး ကျေးဇူးများစွာရရှိစေနိုင်ပါသည်။ မုန်လာဥဖြူသည်ကျန်းမာရေးနှင့်ညီညွတ်ပြီး စိတ်ကြိုက်စားသုံး လို့ရသည့် အစားအစာတစ်မျိုးဖြစ်သည့်အတွက် အသက်(၆)လအရွယ်မှစ၍  အသက်အရွယ်မရွေး စားသုံးနိုင်သည်။ မုန်လာဥဖြူကိုအလွန်အကျွံစားသုံးပါက အစာမကြေခြင်းများ ဖြစ်တတ်သောကြောင့် သတိထားစားသုံးသင့်ပါသည်။ မုန်လာဥဖြူကိုစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာစေဖို့နှင့် ကိုယ်အ လေးချိန်ကျစေဖို့အတွက် အထောက်အပံ့ပေးနိုင်သောကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆို သည့်အတိုင်း မုန်လာဥဖြူကို စားသုံးပေးသင့်ကြောင်းဆေးပညာစာပေများမှ လေ့လာဖတ်ရှုမှတ်သား ရပါသည်။  

DOCA(မန္တလေး)