Main menu

အသားအရေကျန်းမာလှပစေနိုင်သောခရမ်းချဉ်သီး

Powered by Drupal
Tue, 04/28/2026 - 15:23 -- consumer_admin

                ခရမ်းချဉ်သီးသည် ကျန်းမားရေးအတွက် အာနိသင်များသလိုအသားအရေကိုလည်း ကျန်းမာ စေနိုင်ပါသည်။ ခရမ်းချဉ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်C ၊ ဗီတာမင်A ၊ ဗီတာမင်B၊ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အသားအရေလှပစေရန်အတွက် များစွာအထောက်အကူပြုပါသည်။ ခရမ်းချဉ်သီးစားပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အရေပြားကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း၊ နေလောင်ခြင်းကိုသက်သာစေခြင်း၊ အနာကျက် မြန်စေခြင်း၊ အရေပြားရောင်ရမ်းမှုကိုသက်သာစေနိုင်ခြင်း၊ ကော်လာဂျင်ထွက်ရှိမှုကိုမြှင့်တင်ပေးခြင်း၊  ဆဲလ်သေများကိုဖယ်ရှားပေးနိုင်ခြင်း၊ အရွယ်တင်နုပျိုစေနိုင်ခြင်း၊ အကြောပြတ်အရာများ ကိုသက်သာ စေနိုင်ခြင်းနှင့် အစိုဓာတ်ဖြည့်ပေးခြင်း၊ စသည့်အသားအရေဆိုင်ရာကျန်းမာခြင်းများကို ရရှိစေနိုင်ပါသည်။  

DOCA(မန္တလေး)