Main menu

 ဖရဲသီးသီးနှံ ကိုသီးထပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်များရရှိနေ

Powered by Drupal
Mon, 04/27/2026 - 10:31 -- consumer_admin

                      ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းမြို့ (အရှေ့ခြမ်း) ရှားတောကြီးရွာတွင် နေထိုင်ကြသော တောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးပါက လယ်ယာမြေများကို ထွန်းယက်၍ မြေကိုပြုပြင်ပြီး  သီးထပ်သီးနှံအဖြစ် ဆောင်းရာသီ၌ ပဲသီးနှံနှင့် အခြားသီးနှံများကိုပါ စိုက်ပျိုးလျက်ရှိရာ ဖရဲသီး သီးနှံကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ရှာတောကြီးရွာတွင်ဖရဲသီးနှံကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် စတင် စိုက်ပျိုးပြီး မတ်လတွင် ခူးဆွတ် ရောင်းချကြပါသည်။ ဖရဲသီးစိုက်ပျိုးရာတွင် 855 ဟိုက်ဘာ ၊ 842 ဟိုက်ဘာ မျိုးစေ့များကို (၄)နာရီခန့် ရေစိမ်ပြီး အခြောက်ခံကာ မျိုးစေ့များကို ဘောင်စနစ်များဖြင့် ၅ပေ ၆ပေ အကွာစိုက်ပျိုး၍ ရက်ပေါင်း (၉၀)ခန့်တွင် စတင်ခူးဆွတ်ရောင်းချရ ကြောင်းသိရှိရပါသည်။ တစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မြေပြုပြင်ခြင်း၊ သွင်းအားစု များမျိုးစေ့ ဓာတ်မြေဩဇာ၊ မြေဆွေး၊နွားချေး၊ပိုးသတ်ဆေး ၊ ရေလောင်း ၊ အပင်အုပ်ပလပ်စတစ်၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၄၁)သိန်းခန့် ကုန်ကြကြောင်း သိရှိရပါသည်။ အထွက်နှုန်းအားဖြင့်တစ်ဧကလျှင် ဖရဲသီးလုံးပေါင်း ပျှမ်းမျှ (၂၁၀၀-၂၅၀၀) ခန့်ထွက်ရှိကြောင်း  ထွက်ရှိလာသော ဖရဲသီးများကို အင်းမမြို့ဖရဲသီးကုန်သည်များမှ အိမ်အရောက် လာရောက်ဝယ်ယူပြီး အရွယ်အစားပေါ်မူတည်၍ လက်ကားဈေးနှုန်း ဖရဲသီး (၁)လုံး လျှင် (၃၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ခန့်ဖြင့် ရောင်းချ၍  ဖရဲစိုက်ပျိုးသည့် တောင်သူကြီးများ အနေဖြင့် တစ်ဧကကို အကျိုးအမြတ် (၂၂)သိန်းခန့် ရရှိသည့်အတွက် သီးထပ်သီးနှံဖရဲသီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းနေကြောင်းသိရပါသည်။

DOCA( ပဲခူး)