Main menu

ကမ္ဘာ့ဆန်ဈေးကွက် ပြောင်းလဲမှုကြောင့် ထိုင်းလယ်သမားဝင်ငွေ ထိခိုက်လာ

Powered by Drupal

     ထိုင်းနိုင်ငံအတွက် ဆန်တင်ပို့မှုသည် အဓိကဝင်ငွေရရှိရာ လမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့အပြင် ဆန်စပါးသည် ထိုင်းနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါဆုံးသော ကုန်စည်အမယ် ဖြစ် ပြီး နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူအိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်း (၄.၆၈ သန်းသော အိမ်ထောင်စုများ) သို့မဟုတ် လူဦးရေအားဖြင့် သန်း ၂၀ ခန့်သည် ဆန်စပါး စိုက်ပျိုး မှုအပေါ် မှီခိုနေကြရသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံ၌ ဆန်စပါးစိုက်ပျိုးမြေ ဟက်တာ ၁၁.၅၂ သန်းခန့် ရှိနေသောကြောင့် ကမ္ဘာ့ဆန်ဈေးကွက်၏ လားရာသည် ထိုင်းလယ်သမားများ၏ အနာဂတ်ဝင်ငွေကို ခန့်မှန်းရာတွင် အထောက်အကူပြုသည်။

    အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ၂၀၂၆ ခုနှစ် ဧပြီလ ထုတ်ပြန်ချက်အရ ၂၀၂၅/၂၆ ခုနှစ် အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၅၄၁.၄ သန်းအထိ ရှိလာနိုင် ကြောင်း ခန့်မှန်းထားသည်။ ၎င်းမှာ ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၀.၁ သန်း တိုးတက် လာခြင်းဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ထုတ်လုပ်မှု ခန့်မှန်းချက်မှာ ယခင်အတိုင်း တန်ချိန် ၁၅၂ သန်းနှင့် ၁၄၆ သန်း အသီးသီးရှိနေပြီး ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့် နိုင်ငံများ အဖြစ် ဆက်လက် တည်ရှိနေသည်။

   ထို့အပြင် ၂၀၂၅/၂၆ ခုနှစ်အတွက် ကမ္ဘာ့ဆန်လက်ကျန်စတော့ပမာဏမှာ တန်ချိန် ၁၉၂.၃

သန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်း ပမာဏ သည် ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၀.၈ သန်း ပိုမိုများပြားလာခြင်း ဖြစ်သည်။  အီရန်၊ ပါကစ္စတန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများတွင် ဆန်လက်ကျန်စာရင်းများကို မြှင့်တင်ပြင်ဆင် ထားခြင်း ကြောင့် ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့တွင် လျော့နည်းသွားသည့် ပမာဏထက် ပိုမိုသာလွန်ခြင်း ဖြစ်သည်။

    တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် အစိုးရ၏ ဆန်သိုလှောင်မှုအစီအစဉ်များကြောင့် ကမ္ဘာ့ ဆန် လက်ကျန် စုစုပေါင်း၏ အများဆုံးပမာဏကို ဆက်လက်ပိုင်ဆိုင်ထားကြသည်။ ၂၀၂၆ ခုနှစ် ပြက္ခဒိန် နှစ်အတွက် ကမ္ဘာ့ဆန်ကုန်သွယ်မှုမှာလည်း စံချိန်တင် အမြင့်ဆုံးအဆင့်တွင် ဆက်ရှိ နေမည်ဟု မျှော်လင့်ရပြီး ကမ္ဘာ့ဆန်တင်ပို့မှု ပမာဏမှာ တန်ချိန် ၆၂.၁ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

    အမေရိကန်နိုင်ငံ၏ ဆန်ကွဲ ၄ ရာခိုင်နှုန်းပါ အဆင့် (၂) ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၅၀ ဖြင့် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။ ထိုင်းနိုင်ငံ၏ Grade B ဆန်ဖြူ (၁၀၀ ရာခိုင်နှုန်း) ဈေးနှုန်းမှာမူ တစ်တန်လျှင် ၁၀ ဒေါ်လာ (သို့မဟုတ် ၂ ရာခိုင်နှုန်း) မြင့်တက် လာပြီး ၃၈၈ ဒေါ်လာ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါ ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ၃၈၀ ဒေါ်လာ ရှိနေပြီး ယင်းသည် မတ်လ အစောပိုင်းက သတ်မှတ်ဈေးထက် ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ၁၅ ဒေါ်လာ (သို့မဟုတ် ၄ ရာခိုင်နှုန်း) ကျဆင်းသွားပြီး ၃၄၀ ဒေါ်လာသို့ ရောက်ရှိသွားရာ ၄ လဆက်တိုက် ဈေးနှုန်း ကျဆင်းမှုအဖြစ် သတ်မှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံ၏ ဆန်ဈေးနှုန်း မှာလည်း တစ်တန်လျှင် ၅ ဒေါ်လာ (သို့မဟုတ် ၁ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး ၃၄၅ ဒေါ်လာ ဖြစ်လာ သည်။

    ထိုင်းဆန်စက်ပိုင်ရှင်များအသင်း၏ ဧပြီ ၁၀ ရက် အချက်အလက်များအရ အယုဒ္ဓယရှိ စပါး ဖြူ ဈေးမှာ တစ်တန်လျှင် ၇,၂၀၀ - ၇,၆၀၀ ဘတ်ရှိပြီး ဥဘွန်ရတ်ချဌာနီရှိ Hom Mali စပါး ဈေးမှာ တစ်တန်လျှင် ၁၆,၅၀၀ - ၁၇,၀၀၀ ဘတ်ရှိကာ ဧပြီ ၁ ရက်ကအတိုင်း ပြောင်းလဲမှု မရှိပေ။

   ထိုင်းဆန်တင်ပို့သူများအသင်း (Thai Rice Exporters Association) ၏ အချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ရှိ သင်္ဘောတင်ပြီးစရိတ်အပါအဝင် (FOB) ဆန်တင်ပို့မှု ဈေးနှုန်းများကို ဧပြီလ ၁ ရက်နေ့နှင့် နှိုင်းယှဉ်ပါက ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဖြူဈေးနှုန်းမှာ တစ် တန်လျှင် ၃၈၄ ဒေါ်လာမှ ၄၂၃ ဒေါ်လာသို့ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

   Thai Hom Mali အထူးတန်းဝင်ဆန်သည် တစ်တန်လျှင် ၁,၂၀၂ ဒေါ်လာနှင့် ၁၀၀% ပေါင်းဆန်မှာ တစ်တန်လျှင် ၄၃၉ ဒေါ်လာ (ယခင် ၄၀၉) သို့ အသီးသီး မြင့်တက်ခဲ့သည်။

    ၂၀၂၅/၂၆ ခုနှစ် ထွက်ရှိမည့် အထူးတန်းစား Thai Hom Mali ဆန် ဈေးနှုန်းမှာ တစ်တန်လျှင် ၁,၁၈၀ ဒေါ်လာမှ ၁,၂၀၂ ဒေါ်လာသို့ မြင့်တက်လာပြီး ၁၀၀ ရာခိုင်နှုန်း ပေါင်းဆန် ဈေးနှုန်း မှာလည်း တစ်တန်လျှင် ၄၀၉ ဒေါ်လာမှ ၄၃၉ ဒေါ်လာသို့ အသီးသီး မြင့်တက်လာခဲ့သည်။

Source: The Nation Thailand, 21 M‌arch 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)