
အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ ပန်းလေးတစ်မျိုးသည် မြန်မာနိုင်ငံကိုကိုယ်စား ပြုသော ပိတောက်ပန်းလေးတစ်မျိုးရှိပါတယ်။ မြန်မာလ၏ တန်ခူးလဖြစ်သော နှစ်သစ်ကူးကာလ မှာမှ ပွင့်တတ်တဲ့ ပိတောက်ကလေးသည် အရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက်ပန်းလေးပါ။ ပိတောက်ပန်း ဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကို ဆေးဖက်ဝင်တယ်။ အရိပ်ကောင်းသလို အရွက်နဲ့ အစေးပါမကျန် ဆေးဖက်ဝင်ပြီး နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက်ပန်းသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ဆီးချိုသမားတွေအတွက် သင့်တော်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ကိုလက် စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေအများကြီး စားချင်တာမျိုး၊ အမြဲလိုလို ရေငတ်နေတာမျိုး၊ ခြေလက်တွေထဲက ကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ထိခိုက် တာတစ်ခုခုကြောင့် သွေးထွက်နေတဲ့အခါမျိုးမှာ ပိတောက်ပင်အခေါက်ကို အသုံးပြုပြီး သွေးတိတ် အောင် လုပ်ပေးလို့ရပါတယ်။ အူလမ်းကြောင်းထဲက အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို ထိုက်ထုတ် ဖို့အတွက် လည်း ပိတောက်ပင်အခေါက်ကို သုံးလို့ရပါတယ်။ အရေပြားပေါ်မှာဖြစ်တဲ့ ပွေး၊ ညှင်းတို့ကို အပါအဝင် နာတာရှည် အရေပြားပြဿနာတွေကို လျော့ပါး သက်သာစေနိုင်ဖို့အတွက် ပိတောက်ပင် အခေါက်ကို သွေးပြီး လူးပေးလို့ရပါတယ်။ ရေရှည်စွဲ သုံးဖို့တော့လိုပါမယ်။ အပင်ရဲ့ အခေါက်ကိုပြုတ်ပြီး အရေပြား ပေါ်မှာ လူးပေးလို့လည်း ရပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေ ကိုသေစေနိုင်တာကြောင့် သွားကိုက်သွားနာတာတွေကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။ ပိတောက်က အနာကိုပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘက်တီးရီယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေး နိုင်တာကြောင့် အနာကိုဆေးတာမျိုးအတွက် အသုံးပြုလို့ရပါတယ်။
သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကို လက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းကိုလက်စထရော ထိန်းညှိဖို့သဘာဝ ဆေးတစ်မျိုး ဖြစ်ပြီး အဆစ်အမြစ်နာကျင်တာကို သက်သာစေပါတယ်။ ပိတောက်ကထိခိုက် ဒဏ်ရာတွေ၊ ပြတ်ရှ ဒဏ်ရာတွေကို သွေးတိတ်စေပြီး ရောဂါပိုးမဝင်ဘဲ အနာကျက်မြန်အောင် လုပ်ဆောင်ပေးသလို အဆစ် အမြစ်တွေ နာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်း ပိတောက်သားကို သွေးလူးပေးပါက သက်သာ ပျောက်ကင်း ပြီး နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေကြောင်း တစ်နှစ်မှ တစ်ခါသာတန်ခူးလ၌ ပွင့်သော မြန်မာ့ပိတောက်ပန်း အကြောင်းသိရှိသမျှ ရေးသားလိုက် ပါတယ်။
Doca(မန္တလေး)
