
သင်္ဘောပင်ကို နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စီးပွားဖြစ်တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြပါသည်။ သင်္ဘောသီးမှည့် စားသုံးခြင်းသည် ခုခံအားကို အားကောင်းစေသသည့် အတွက် အအေးမိခြင်းနှင့် ဖျားနာမှုများကို ကာကွယ်ပေးပါသည်။ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း၊ အရေပြားကိုကြည်လင်စေခြင်း၊ ကိုလက်စရောလျော့ချပေးနိုင်ခြင်း၊ သွေးဖိအားကို လျော့ကျဖို့ ကူညီပေးပြီး သကြားဓာတ်ကိုမျှတစေပါသည်။ အဆီကိုကျစေနိုင်ခြင်း သင်္ဘောသီးမှည့်တွင် ကယ်လိုရီပါဝင်မှုနည်းပြီး ဖိုက်ဘာပါဝင်မှုများသည့် အတွက်အစာခြေစနစ် ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုသက်သာစေပါသည် အသဲလုပ်ဆောင်ချက်များကိုလည်း ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းအတွက် သဘာဝဆေးဖြစ်ကြောင်းလည်း သိရပါသည်။ ယခု ၂၀၂၆ခု ဧပြီလ ပထမပတ် နွေရာသီတွင် သင်္ဘောသီးမှည့်များ အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး နတ်တလင်း မြို့မဈေးနှင့် ညနေဈေးတို့တွင် တစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ (၈၀၀-၁၅၀၀-၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိရာ စားသုံးသူများလည်း ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး ကြ၍ အရောင်းသွက်နေကြောင်းသိရပါသည်။
DOCA(ပဲခူး)
