Main menu

ပူပြင်းသောနွေရာသီတွင် လိုအပ်သော ရေဓာတ်ရရှိရန် ဖရဲသီးကဲ့သို့ အရည်ရွှမ်းသော အသီးများစားသုံးပေးသင့်

Powered by Drupal
Mon, 04/20/2026 - 11:14 -- consumer_admin

               ပူပြင်းလှသော နွေရာသီအခါသမယတွင် လူသားတို့သည် သက်ရှည်ကျန်းမာ၍ ရှင်သန်၊ ရှင်ကျန် စွာ နေထိုင်နိုင်ရေးအတွက် အရည်ရွှမ်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးများကို စားသုံးသင့်ပေသည်။ ယခုကဲ့သို့သော အချိန်ကာလတွင် ဈေးများ ၊ ကားဂိတ်များ၊ Shopping Center များတွင် လှိုင်လှိုင်တွေ့မြင်နေရသော အသီးတစ်မျိုးမှာ ဖရဲသီး ဖြစ်ပေသည်။

          ဖရဲသီးတွင် ရေဓာတ်(၉၂ ရာခိုင်နှုန်း) ပါဝင်ပြီး၊ ချိုမြသည့် အရသာရှိသောကြောင့် စားလိုက်သူအဖို့ ရေငတ်ပြေစေပြီး စိတ်နှလုံးကို ခနတာ အေးချမ်းမှု ပေးစွမ်းနိုင်ပြီး၊ ခန္ဓာကိုယ်အတွင်း အပူရှိန်ကိုလည်း လျော့ချပေးနိုင်ပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ၊ ကယ်လိုရီ အလွန်နည်းပါးသဖြင့် အာဟာရကို ဖြစ်စေပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် နှလုံး ကျန်းမာရေးကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ အသားအရေ ဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သား နာကျင်မှုကို ခုခံပေးခြင်း၊ ပန်းနာရောဂါ တိုက်ဖျက်ပေးခြင်းစသော အကျိုးကျေးဇူးများကို ရရှိ     စေနိုင်ပါသည်။

          အနီရောင်ဖရဲသီး ထဲတွင် Lycopene ဟုခေါ်သော ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး မြင့်မားစွာ ပါရှိပြီး၊ ယင်းဓာတ်သည် အဆုတ်ကင်ဆာ၊ အူကင်ဆာ ၊ ရင်သားကင်ဆာ စသည့် ရောဂါတို့ကို တားဆီး ကာကွယ်ပေးနိုင်ပါသည်။

          ထိုကြောင့် ဖရဲသီးသည် လူသားတို့၏ ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုနိုင်ပြီး၊ နွေရာသီကဲ့သို့ ပူပြင်းသောအခါမျိုးတွင် ဖရဲသီးကို စားသုံးခြင်းဖြင့် အေးမြလတ်ဆတ်သော အရသာကို ခံစားနိုင်သည့်အတွက် ကျန်းမာရေးအရရော စိတ်ခံစားမှု အရပါ ကောင်းမွန်မှုကို ပေးစွမ်းနိုင်သည့်အတွက် အရည်ရွှမ်းသော အသီးများနှင့်ဖရဲသီးကို အလျဉ်းသင့်သလို စားသုံးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)