Main menu

သီဟိုဠ်စေ့စားသုံးခြင်းဖြင့် ရရှိနိုင်ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Mon, 04/20/2026 - 10:04 -- consumer_admin

                သီဟိုဠ်ပင်(Cashew Tree) သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သည့် အရွက်ကြီးမားစိမ်းစိုပြီး၊ ပန်းရောင်ပွင့်များပွင့်ကာ အခိုင်လိုက်အသီးများသီးတတ်သော ဆွဲဆောင်မှုရှိသည့် နှစ်ရှည်ခံ အပင် တစ်မျိုးဖြစ်သည်။ အသီးမှာ မှည့်လျှင် အဝါ( သို့မဟုတ် ) အနီရောင်ရှိသည်။ ထူးခြားချက်မှာ အစေ့ သည် အသီး၏အပြင်ဘက်တွင် တွဲလျက်ပါရှိခြင်းဖြစ်သည်။ သီဟိုဠ်စေ့သည် အရသာရှိပြီး အာဟာရ ပြည့်ဝသောကြောင့် ဈေးကွက်ဝင်သီးနှံပင် ဖြစ်ပြီး ကမ္ဘာ့တစ်ဝန်းတွင် နည်းလမ်း မျိုးစုံဖြင့် စားသုံး ကြပါသည်။ ၎င်းအစေ့ကို လှော်၍စားသုံးခြင်း၊ ဟင်လျာများတွင် ထည့်သွင်းချက်ပြုတ်၍ စားသောက် ခြင်း၊ မုန့်နှင့်အချိုပွဲများတွင် အသုံးပြုခြင်း၊ သက်သက်လွတ်နှင့်ကျန်းမာရေးအတွက် စားသုံးကြသည်။ သီဟိုဠ်စေ့စားသုံးခြင်းဖြင့် နှလုံးရောဂါ ကာကွယ်ပေးခြင်း၊ ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း၊  ဆီးချိုသွေးချို အန္တရာယ် လျော့နည်းစေခြင်း၊ ကင်ဆာဆေးများပိုထိရောက်စေခြင်း၊ သွေးနီဥဆဲလ် ဖြစ်ပေါ်မှုကို အားပေးခြင်း၊ အရိုးနှင့် ခံတွင်းကျန်းမာရေးကောင်းစေခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ သည်းခြေကျောက် မဖြစ်အောင် ကာကွယ်ပေးခြင်း၊  ကိုယ်ခံအားကောင်းစေခြင်း စသည့်  ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးများသော်လည်း ရောဂါအခံရှိသူများ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ ဆေးပုံမှန် သောက်နေရသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားစေလိုကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)