Main menu

“အညာမြေညောင်ရွက်အနုများစတင်ထွက်ရှိ”

Powered by Drupal
Fri, 04/10/2026 - 14:08 -- consumer_admin

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာမြေဒေသဖြစ်သည်နှင့်အညီ အညာဒေသ ထွက်နွေဦးရာသီတွင် ထွက်ပေါ်လေ့ရှိသော ညောင်ရွက်၊ဂွေးတောက်ရွက်၊သရက်ကင်းနှင့်ထနောင်း ရွက်နုများထွက်ပေါ်သောအချိန်ဖြစ်ပါသည်။ ညောင်ချဉ်ပင်နှင့် ညောင်ချိုပင်များ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိရာ နွေရာသီကာလ ညောင်ချဉ်ရွက်၊ ညောင်ချိုရွက်နုထွက်ချိန် တွင် ဟင်းလျာအတွက်နှင့် အပိုဝင်ငွေရရှိရန် ဒေသခံများက လိုက်လံဆွတ်ခူးကာ ညောင်ရွက်များ ကိုပြုတ်၍ ရောင်းချလျှက်ရှိကြောင်း၊ အညာဒေသဖြစ်သည့်အတွက် ညောင်ရွက် တစ်ပုံလျှင်(၁၀၀၀/-) ကျပ်ဖြင့် လက်လီရောင်းချပါည်။ ညောင်ရွက်နုနုကလေးများကိုခူး၍ ရေနွေးဖျောရပြီး ရေနွေးဖျောပြီး သော အရွက်နုကလေးများကို အနေတော်အပုံလေးများပုံ၍ ရွာထဲ၊ ရပ်ထဲနှင့် စျေးများတွင် လက်ကား ဈေးအနေဖြင့်(၅၀၀/-) ကျပ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း၊ ညောင်ရွက်ကို ဖောက်သည်အနေဖြင့် ဆိုင်ကယ်ဈေးသည်များမှ လာရောက်ဝယ်ယူကြပြီး တစ်ဆင့်ပြန်လည်၍ ရွာစဉ်လှည့်ကာ ရောင်းချလျက်ရှိကြောင်း၊ အစာလည်းဆေး ၊ ဆေးလည်းအစာ ဆိုသည့်အတိုင်း ဆေးဘက်ဝင် ညောင်ရွက်ကို ရာသီပေါ်ချိန်တွင် ဝယ်ယူ၍ စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)