Main menu

“ကန်စွန်းရွက်စားသုံးခြင်းဖြင့်ကျန်းမာ‌ရေးအကျိုးကျေးဇူးများစွာရရှိ”

Powered by Drupal
Fri, 04/10/2026 - 13:59 -- consumer_admin

                             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းအား အဓိကထား လုပ်ကိုင်‌ဆောင်ရွက်လျက်ရှိရာ စားဖိုးဆောင်သီးနှံများဖြစ်သည့် ပဲတောင့်ရှည်၊ ရုံးပတီသီး၊ ခဝဲသီး၊ ခရမ်းသီး စသည့် သီးနှံများအပြင် ကန်စွန်းရွက်ကိုလည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ကျောက်ဆည်မြို့၊မြို့မစျေးနှင့်အေးမြကြည်လင်စျေးတို့တွင် လာရောက် ရောင်းချလျက်ရှိပါသည်။ကန်စွန်းပင်မျိုးစေ့များအား ရေဇလုံထဲတွင် (၁)ညစိမ်၍ထားရပါကြောင်း၊ မြေနေရာပေါ်မူတည်၍ ဘောင်များဖြင့်စိုက်ပျိုးကြသလို ခြင်းများထဲတွင်လည်းထည့်၍စိုက်ပျိုးကြပါ သည်။စိုက်ပျိုးပြီး(၄-၅)ရက်ခန့်အကြာတွင် အညှောင့်ကလေးများပေါက်လာပါကြောင်း ၊ ရက်(၂၀) ခန့်အကြာတွင် အပင်များစတင်၍ခူးဆွတ်နိုင်ကြောင်း၊အပင်များ ပိုးမွှားဒဏ်ကာကွယ်ရန်နှင့်အရွက် များသန်မာစေရန်အတွက် ဆန်ဆေးရည်နှင့်အားဆေးရည်များ ဖြန်းပတ်ပေးရပါကြောင်း သိရှိရပါသည်။ကန်စွန်းရွက်ကို ထမင်းဆိုင်များ၊စားသောက်ဆိုင်ကြီးများတွင် ကန်စွန်းပလိန်းချဉ်စပ်၊ကန်စွန်း ရွက်သုပ်၊ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်ချဉ်စပ်ဟင်းလျာအဖြစ်သုံး‌ဆောင်နိုင်ပါကြောင်း၊ ကန်စွန်း ရွက်(၁)စီးလျှင်(၂၅၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းသီးနှံရောင်းချသော စျေးသည်တစ်ဦးထံမှသိရှိရပါသည်။ ကန်စွန်းရွက်သည် ဗီတာမင်(အေ၊စီ၊ဘီ-၁)၊ ဖော့လစ်အက်ဆစ်၊ ပရိုတင်းစသည့် အဟာရဓါတ် များစွာပါဝင်ပါကြောင်း ၊ အမျှင်ဓါတ်ပါဝင်နှုန်း များသောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေသည့်အပြင် အစာအိမ်နှင့်အူလမ်းကြောင်းအတွက် ကောင်းမွန်ပါ ကြောင်း၊ ဝမ်းချုပ်ခြင်းအတွက်လည်း ကန်စွန်းရွက်ကို ကြော်စားခြင်း၊ ပြုတ်၍တို့စရာအဖြစ်စားသုံး ပေးခြင်းဖြင့်လည်းကောင်း၊ သန်ချဆေးနှင့်ဝမ်းနှုတ်ဆေးများဖော်စပ်ရာတွင်လည်း ဆေးဝါးဓါတ်စာ အဖြစ်ပါဝင်အသုံးပြုပါကြောင်း၊ကန်စွန်းရွက်ကိုကြိတ်ခြေ၍ရလာသည့်အ‌ရည်အားသောက်သုံးပေးခြင်းဖြင့်ဇက်ကြောတက်သည့်ဝေဒနာများ သက်သာစေနိုင်ပါကြောင်း၊ကန်စွန်းရွက်တွင်ရေဓါတ်များစွာပါဝင်သောကြောင့်ကျောက်ကပ်အလုပ်လုပ်နိုင်ရန်ကူညီပေးပြီးဆီးသွားစေရန် အထောက်အ ကူဖြစ်ပါကြောင်းစသည့် ကျန်းမာရေးနှင့်ဆိုင်သော အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)