Main menu

သံဓာတ်ကြွယ်ဝသောသီဟိုဠ်စေ့အကြောင်း

Powered by Drupal
Tue, 04/07/2026 - 10:45 -- consumer_admin

                      သီဟိုဠ်ပင်သည် ဈေးကောင်းရရှိသော နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး သီဟိုဠ်စေ့မှာ ဈေးကွက်ဝင်ပြီး ဝင်ငွေရရှိ၍ ဈေးကောင်းရရှိကြောင်း၊ ၎င်းအစေ့ကို ဒန်ပေါက်၊ ရေခဲမုန့်နှင့် အခြားမုန်များတွင်ထည့်သွင်း၍ တန်ဖိုးထားစားသုံးကြကြောင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ရန်ကုန်တိုင်း၊ ပဲခူးတိုင်နှင့် ဧရာဝတီတိုင်းဒေသများတွင် စီးပွား ဖြစ်စိုက်ပျိုးကြောင်းသိရှိရသည်။ သီဟိုဠ်စေ့၌ပါဝင်သော အာဟာရဓာတ်သည် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်ပြီး မဂ္ဂနီဆီစီယမ်ဓာတ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ကြွက်သားများအတွက်ခွန်အားကောင်းကြောင်း၊ သံဓာတ်နှင့် အမိုင်နိုအက်ဆစ်ပါဝင်သောကြောင့် အဆုပ်အားကောင်းစေပြီး အသက်ရှူနိုင်စွမ်းကို အထောက်အကူပြုကြောင်း၊ ခန္ဓာကိုယ်အတွက် သွေးအားနည်းခြင်းကို ကာကွယ်ပေးသော  ကိုယ်ခံအားတိုးတက်စေပြီး သံဓာတ်ကြွယ်ဝကြောင်း၊ အကျိုးပြုသော အဆီဓာတ်များပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်ကိုထိန်းညှိပေး၍ နှလုံး ကျန်းမာရေးကို ကောင်းစေကြောင်း၊ ဗီတာမင်‌အေ ကြွယ်ဝသောကြောင့် မျက်လုံးအတွက် အားကောင်းစေကြောင်း၊ ဗီတာမင်စီ၊ အင်တီအောက်ဆီဒင့်များနှင့် အခြားဓာတ်များ ပါဝင်သောကြောင့် မျက်နှာပြင်အရေပြားနှင့် အသားရေတင်းရင်းပြီး ကြည်လင်တောက်ပြောင်၍ သံဓာတ်ကြွယ်ဝသော သီဟိုစေ့အကြောင်း သိရှိရသမျှရေးသားလိုက်ပါတယ်။

  DOCA(မန္တလေး)