Main menu

မြေပဲဆီစားသုံးခြင်း၏ကောင်းကျိုးများ

Powered by Drupal
Tue, 03/31/2026 - 14:10 -- consumer_admin

                မြေပဲဆီသည် စားသုံးမှုများပြီး အရသာမှာ စွဲမက်ဖွယ်ကောင်းသော စားဖို‌‌ဆောင်သုံး ဟင်းချက်ဆီဖြစ်သည်။ မြေပဲမှထုတ်ယူထားသော ထိုဆီသည် ချက်ပြုတ်ရာတွင် ဘက်စုံသုံး နိုင်သည့်အပြင် မြေပဲဆီသည် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းသောကြောင့် ၎င်းသည် မျှတသော အစားအစာအတွက် အကျိုးရှိစေသော ဖြည့်စွက်စာတစ်ခုဖြစ်သည်။ ကျန်းမာသော အဆီများသည် မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အိုမီဂါ-၆ ဖက်တီးအက်ဆစ်မြေပဲဆီတွင် ပါဝင်သောအဆီသည် ဦးနှောက် လုပ်ဆောင်ချက်ကို ထိန်းသိမ်းရန်နှင့် ဆဲလ်များကြီးထွားမှုကို ထောက်ပံ့ပေးသည်။ ဗီတာမင်အီး ပါဝင်သောကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ အသားအရေ ကြည်လင်စေတယ်။

            မြေပဲဆီတွင်ရှိသော ဗီတာမင် E ပါဝင်သဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးနိုင်ပြီး  ကင်ဆာကဲ့သို့သော   နာတာရှည်ရောဂါများ  ဖြစ်နိုင်ခြေကို  လျှော့ချပေးနိုင်သည်။ သန့်ရှင်းလတ်ဆတ်သော မြေပဲဆီစားသုံးရာတွင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်ခြင်း၊ ကင်ဆာ ရောဂါကို ကာကွယ်ခြင်း၊ သွေးတွင်းကိုလက်စထရော ကိုထိန်းညှိပေးခြင်း၊ နှလုံးရောဂါကို လျော့ကျစေခြင်း၊ သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း၊ အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီး ပေးခြင်းနှင့် အယ်လ်ဇိုင်းမား အစရှိတဲ့ မေ့လျော့ခြင်းရောဂါများကို လျော့ချပေးကြောင်း၊ မြေပဲဆီသည် အာဟာရပြည့်ဝပြီး သဘာဝဘက်စုံသုံးဆီတစ်မျိုးဖြစ်သောကြောင့် လူသားတိုင်း သန့်ရှင်းလတ်ဆတ်သော မြေပဲဆီများကိုရွေးချယ်စားသုံးကြရန် ရေးသားလိုက်ပါတယ်။

DOCA(မန္တလေး)