Main menu

ဧရာအနောက်မြို့တော်မှထွက်ရှိသော ထန်းလျှော်ကုလားထိုင်

Powered by Drupal
Mon, 03/30/2026 - 11:48 -- consumer_admin

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဒေသထွက်ကုန် အမျိုးမျိုးသော ထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပါသည်။  ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း တွင်တည် ရှိပြီး ထန်းပင်ထန်းတောများလည်း အလွန်ပေါသောမြို့တစ်မြို့ဖြစ်ပါသည်။ ထန်းပင်သည် နှစ် ရှည်ခံပင်ဖြစ်ပြီး တစ်ပင်လုံးလည်းအသုံးဝင်သောအပင်ဖြစ်ပါသည်။ ထန်းပင်မှ ရရှိသော ပစ္စည်း များမှာ ထန်းလက်၊ ထန်းလျှော်ဖာ၊ ထန်းလျှောဖျာ၊ ထန်းလျက်၊ ထန်းရည်၊ ထန်းလျှော်ကုလား ထိုင်တို့ဖြစ်ပါသည်။

          ယခုအချိန်တွင် နွေဦးပေါက်ဖြစ်သောကြောင့် ထန်းလျှော်ကုလားထိုင်များတွင်ကျယ် စွာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထန်းလျှော်ကုလားထိုင်သည် လူသားများ အတွက် အပန်းဖြေစရာတစ်ခုလည်းဖြစ်ပါသည်။ ထန်းလျှော်ကုလားထိုင်ကို ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သော ချောက်ကန်အုပ်စုကျေးရွာအတွင်းရှိ အရှေ့ချောက်ကန်၊ အနောက် ချောက်ကန်၊ လက်ပန်ကန်၊ မန်ကျည်းကိုးပင်ရွာများနှင့် ဧရာဝတီမြစ် အရှေ့ဘက် ကမ်းရှိ ကျေးရွာများမှ အများဆုံးပြုလုပ်ရောင်းချလျက်ရှိပါသည်။ ထန်းပင်များကို လယ်ကွင်း၊ ယာခင်းများ ၏ ဘေးတွင် တစ်ဦးနှင့်တစ်ဦးစည်းခြားနိုင်ရန် စည်ရိုးများအဖြစ်စိုက်ပျိုးထားကြ သည်။

          ထန်းလက်ကြီးများတွင် ထန်းလက်ကြီးနှင့် ထန်းရိုင်လက်ဟူ၍ နှစ်မျိုးရှိသည့် အနက် ထန်းလက်ကြီးသည် ဗြက်ကြီးသောကြောင့် ထန်းပက်လက်ကုလားထိုင်၊ အိပ်စင်များပြု လုပ်ရာတွင် ထန်းလက်ကြီးများကို အသုံးပြုရကြောင်း၊ ထန်းလျှော်ကုလားထိုင်ပြု လုပ်ရာ တွင် ထန်းလျှာ်များစွာ လိုအပ်သည်။ ထန်းလျှော်များဝယ်ယူရန် အတွက် ထန်းတက်သမားများဆီမှ ထန်းလျှော် ချောင်းများ ကိုဝယ်ယူရကြောင်း၊ တစ်ချောင်းလျှင် ကျပ်(၅၀၀)ဖြင့် ဝယ်ယူရကြောင်း၊ ထန်းတက်သမား လုပ်သားခမှာ တစ်ပင်လျှင်ကျပ် (၃၅၀၀)ဖြစ်ပြီး တစ်နေ့ လျှင်(၇)ပင်ပြီးမြောက်ကြောင်း ထန်းတက်သမားများထံမှ သိရှိရပါသည်။ ကုလားထိုင်ပြုလုပ် ရာတွင် ပထမဦးစွာ ထန်လျှော်များကို တိုင်းထွာ၍ စာရေးသပ်ရပြီး နေပူခံကာ အခြောက် လှမ်းထားရကြောင်း၊နေပူခံပြီးသား အခြောက် လှမ်းထားသော ထန်းလက်များကို ကုလားထိုင် များပြုလုပ်ရကြောင်း၊ ကုလားထိုင်ပြုလုပ်ရာတွင်  ထန်းလက်အချောင်းရေ(၂၀)ခန့်ဖြင့်ပြုလုပ်ပြီး ရေရှည်ခိုင်ခန့်ကြောင်း ထန်းလျှော်ကုလားထိုင်ပြု လုပ်သူများ ထံမှသိရှိရပါသည်။

          ထန်းလျှော်ကုလားထိုင်များကို ထန်းသားဖြင့် သီးသန့်ပြုလုပ်ကာရောင်းချသူများရှိ သလို ထန်းသားနှင့် ဝါးရော၍ပြုလုပ်ရောင်းချသူများလည်းရှိသည်။ ထန်းသားဖြင့် သီးသန့်ပြုလုပ်ထား သော ကုလားထိုင်သည် ဈေးပိုကောင်းပြီး ရေရှည်ခိုင်ခန့်သောကြောင့် ဈေးပိုရ ကြောင်း၊ ဝါးနှင့် ရော၍ကုလားထိုင်ပြုလုပ်ရန်အတွက် ဝါးနှစ်လုံးခန့်လိုအပ်ကြောင်း ထန်းလျှော်ကုလားထိုင် ပြုလုပ် ရောင်းချသူများထံမှ သိရှိရပါသည်။

          ယခုအချိန်တွင် နွေရာသီရောက်ရှိသည့် အတွက် ထန်းလျှော်ကုလားထိုင်များနှင့် ထန်းလျှော်အိပ်စင်များပြုလုပ် ရောင်းချနေသူများ ပိုမိုများပြားကြောင်း၊ ထန်းလျှော်ကုလား ထိုင်တစ်လုံးလျှင် ကျပ်(၁၅၀၀၀)၊ အိပ်စင် တစ်လုံးလျှင် ကျပ်(၂၀၀၀၀-၂၅၀၀၀)ခန့်ဖြင့် ရောင်းချနေကြောင်း၊ ထန်းလျှော်ကုလားထိုင်ပြုလုပ်သူ လုပ်သားခမှာတစ်ဦးလျှင် ကျပ် (၅၀၀၀-၈၀၀၀)ကျပ် ပေးရကြောင်း သိရှိရပါသည်။  ယခင်က ထန်းတက်လုပ်သားများအများ အပြားရှိခဲ့သော်လည်း ယခုအချိန်တွင် လုပ်သားများရှားပါးလာကြောင်း ချောက်ကန်အုပ်စု ရွာသား များထံမှ သိရှိရပါသည်။

DOCA(မကွေး)