Main menu

သပြုပင်၏အသုံးဝင်ပုံ

Powered by Drupal
Thu, 03/26/2026 - 16:16 -- consumer_admin

               သပြုပင်သည် အပင်အရွယ်အစားအရ ကျွန်းပင်ကဲ့သို့ အလွန်မြင့်မားပြီး နှစ်ရှည်ပင် တစ်မျိုး ဖြစ်ပါသည်၊၊ သပြုပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး မေလ မှ ဩဂုတ်လအတွင်း အပွင့်များ စတင်ပွင့် ပါသည်။ သပြုပင်၏ အပွင့်သည် အလွန်လှပပြီး အင်ကြင်းပွင့်နှင့် တူ၍ အဝါရောင်ဝတ်ဆံလေးများ ပါဝင်ပြီး အနံ့လည်း မွှေးပါသည်။ ဝေဆာစွာသီးနေသာ သပြုသီးများသည် အောက်တိုဘာ လ မှ ဇန်နဝါရီလ အတွင်း လှိုင်လှိုင်ရင့်မှည့်လာပါသည်။ သပြုသီးသည်ခွာလျှင်ပြစ်ချွဲချွဲ စီးကပ်ကပ်ဖြစ်ပြီး လုံးဝန်းကာ အဖက်လိုက်ခွာရပြီး  အသီးကြီးမျိုး ဖြစ်သောကြောင့် စားမည်ဆိုပါက ဓါးကြီးကြီးဖြင့် ခုတ်ပိုင်းရပါ သည်။

          သပြုသီး၏အရသာမှာ ချဉ်ဖန်ဖန်အရသာရှိပြီး ယခုလို နွေဦးကာလများတွင် သပြုသီး နှစ်သက် သူများသည်  ကြက်သွန်နီ၊ပုစွန်ခြောက်မှုန့်၊မြေပဲဆံ၊ဆီချက်၊အငန်၊ဟင်းခတ်မှုတ် နှင့် လိုအပ်သော အစပ်အရသာ ထည့်ကာသုတ်စားခြင်း၊ ယိုထိုးခြင်း၊ ငါးခေါင်းနှင့်ပုဇွန်တို့နှင့်ရော၍ အချဉ်ဟင်းချက် စားပါကလည်း ထမင်းမိန်စေသော ဟင်းတစ်ခွက် ဖြစ်ပါသည့်အပြင် ဆေးဖက်ဝင်သော အသီးတစ်မျိုး လည်းဖြစ်ပါသည်။ သပြု အသီး၊ အခေါက်၊ အရွက်များသည် ဆေးဖော် စပ်ရာ၌လည်း အသုံးဝင်ပါသည်။ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး၊ အစာကြေ လွယ်ပြီး သွေးတိုး ရောဂါနှင့် ချောင်းဆိုးကင်းစင်၍ ကင်ဆာရောဂါများကိုလည်းကာကွယ်ပေးသည်ဟုလေ့လာ သိရပါသည်။

DOCA(ပဲခူး)