Main menu

နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့်အကျိုးကျေးဇူးများ

Powered by Drupal
Fri, 03/20/2026 - 15:50 -- consumer_admin

                                         မြန်မာနိုင်ငံတွင် ပြည်ပမှစားအုန်းဆီတင်သွင်းမှုကို လျှော့ချရန်နှင့်ပြည်တွင်း၌ ကျန်းမာရေး နှင့်ညီညွတ်သော စားသုံးဆီများဖူလုံပိုလျှံစေရန်အတွက် ဆီထွက်သီးနှံများအနက် နေကြာကို အဓိကသီးနှံအဖြစ်သတ်မှတ်ကာ တိုးချဲ့စိုက်ပျိုးလျက်ရှိနေပါသည်။ နေကြာသည် အခြားသီးနှံများ ထက် ဆီထွက်နှုန်းပိုမိုကောင်းမွန်ပြီး ကျန်းမာရေးအတွက်အကောင်းဆုံးဆီများထဲတွင်လည်းတစ်ခု အပါအဝင်ဖြစ်သည်။ ရေမြေမရွေးစိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး သက်တမ်းတိုသောကြောင့် သီးထပ် စိုက်ပျိုးရန်အလွန်သင့်တော်ပြီး မြေပဲထက်သွင်းအားစုစရိတ်သက်သာပြီး ပြုစုစောင့်ရှောက်ရသည်မှာလည်း\မခက်ခဲလှပါ။လက်ရှိတွင်နေကြာကိုဆီကြိတ်ရန်အတွက်သာမကလှော်စာနေကြာအဖြစ်လည်း ပြည်တွင်း၌ဝယ်လိုအားအလွန်မြင့်မားနေပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နေကြာစေ့မှ ဆီထုတ်ယူရုံ တင်မကဘဲ ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်းက စိုက်ပျိုးသူမျာအတွက် အပိုဝင်ငွေရရှိစေပါသည်။ နိုင်ငံတော်မှ နေကြာစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေများ ပံ့ပိုးပေးခြင်းတို့ကြောင့် နေကြာစိုက်ဧကများ တစ်နှစ် ထက်တစ်နှစ်တိုးတက်လာနေပါသည်။

                 နေကြာစိုက်ပျိုးခြင်းသည် တောင်သူတစ်ဦးချင်းစီအတွက် အကျိုးအမြတ်ရရှိစေရုံတင်မက ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သဖြင့် နိုင်ငံတော်၏စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေပါသည်။ အရည်အသွေးမြင့်မျိုးစေ့များနှင့်စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နေကြာသည် မြန်မာ့လယ်ယာကဏ္ဍ၏အဖိုးတန်သီးနှံအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

DOCA(ပဲခူး)