ကြက်သားဟင်းဆိုသည် မှာရှေးအစဉ်ဆက်ကတည်းက မြန်မာလူမျိုးများသူဌေးဟင်းအဖြစ် ချက်ပြုတ်စားသောက်ကြသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မြန်မာဟင်းလျာဟုဆိုလိုက်လျှင် ကြက်သားဆီပြန်သည် မပါမဖြစ်သောဟင်းပွဲတစ်ခုလည်းဖြစ်သည်။ ကြက်သားသည် နေမကောင်း ဖြစ်နေသူများအတွက် စားရသောဓာတ်စာတင်မဟုတ်ဘဲ နေကောင်းနေသူများအတွက်လည်း ကိုယ်ခံ အားကို အကောင်းဆုံးဖြစ်အောင် ကူညီထောက်ပံ့ပေးသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ကြက်သား တွင်အသီးအရွက်များတွင် မရနိုင်သောပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်ပြီး အဆီမပါသောကြက်သားတွင် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပါသည်။ ကြွက်သားများဖြစ်ပေါ်စေရန်အတွက် အရေခွံမပါသော ကြက်သားကိုစားသုံးပေးနိုင်ပါသည်။ ကြက်သားတွင် ပရိုတင်းဓာတ်အပြင် ကယ်လ်ဆီယမ်၊ phosphorus စသည့် သတ္ထုဓာတ်များစွာပါဝင်သောကြောင့် အရိုးအဆစ်များကိုသန်မာစေရန် အတွက်လည်း အကောင်းဆုံးအားဖြည့်ပေးပါသည်။ ကြက်စွပ်ပြုတ်ပြုလုပ်သောက်သုံးခြင်းဖြင့် အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်ခြင်းများကို အထိရောက်ဆုံး သက်သာစေနိုင်ပါသည်။ ကြက်သားတွင် ရုတ်တရက်နှလုံးရပ်ခြင်းကိုကာကွယ်ပေးနိုင်သော ဗီတာမင် B6 ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုအထောက်အကူပေးပါသည်။ ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုသောကြက်သားသည် အိမ်ရှင်မတိုင်းအတွက် ချက်ပြုတ်ရာတွင် လည်းလွယ်ကူမြန်ဆန်ပြီး ကလေး၊လူကြီးမရွေးကြိုက်နှစ်သက်သောကြောင့် အဆင်ပြေသောဟင်းလျာ တစ်မျိုးဖြစ်ပါသည်။
DOCA(မန္တလေး)
