Main menu

ဒန့်ဒလွန်ရွက်နှင့်ဒန့်ဒလွန်သီး၏ကျန်းမာရေး

Powered by Drupal
Thu, 03/19/2026 - 14:26 -- consumer_admin

                  ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဒန့်ဒလွန်ပင်၏ အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးများတွင်အသုံးပြုကြကြောင်း၊  ဒန့်ဒလွန် ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်းရောင် အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ပိုတက် ဆီယမ်စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ဒန့်ဒလွန်တွင် မှိုပိုးကို သေစေနိုင်သည့်အာနိသင် ရှိ၍ရောဂါပိုး များကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ ပါးစေနိုင်သည့် အစွမ်းလည်း ရှိကြောင်း၊  ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ပရိုတင်း ဖြစ်ပေါ်မှု အတွက်အသုံးဝင်သည့် အမိုင် နိုအက်ဆစ်များပါဝင်ပြီး ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဒန့်ဒလွန်ရွက်သည် အနာဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှဒဏ်ရာများနှင့်အသေး စားဒဏ်ရာများကို လည်းသက်သာ စေနိုင်ပြီး အနာကျက်လည်း မြန်စေကြောင်း၊ နို့တိုက်မိခင် များအတွက်လည်း ဒန့်ဒလွန် ရွက်ကိုစားသုံး ပေးခြင်းဖြင့် နို့ထွက်အား ကောင်းပြီး သံဓာတ်ကြွယ်ဝကြောင်း၊  အဆီများကို လောင် ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကိုကျစ်လျစ်ပြီး နှလုံးနှင့်ပါတ်သက်သောရောဂါများကို လျော့ချပေးကြောင်း၊  ဒန့်ဒလွန်ရွက် သည် ဆီးချိုရောဂါကို ထိန်းချုပ်ပေး၍ သွေးတွင်း သကြားဓာတ်ကိုလည်းလျော့ ချပေးကြောင်း၊ ဗီတာမင်Cတို့ပါဝင်သောကြောင့် အသားအရည်ကို ကြည်လင်ပြီး သွေးသားသန့်စင်၍ ဦးရေပြားသွေး လည်ပတ်မှုကိုကောင်းမွန်ပြီး ဆံပင်များကိုနက် မှောင်သန်စွမ်းကြောင်း၊ ဒန့်ဒလွန်ရွက်ကို စားသုံးပေး ခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာ ဝေဒနာများကို သက်သာစေနိုင်ကြောင်း၊ ဒန့်ဒလွန်ရွက်သည် အစာကြေလွယ်ပြီး အစာချေဖျတ်မှုကိုကောင်းမွန် ကြောင်း ၊သံဓာတ်ပြည့်ဝသောကြောင့် ကိုယ်ခံအားကောင်းစေပြီးအသည်းနှင့် အရိုးကျန်းမာသန် စွမ်းကြောင်း၊ ဆီးကျောက်တည်ခြင်းမှ ကာကွယ်၍၊ ကျောက်ကပ်ရောဂါမဖြစ်အောင် တားဆီးပေးကြောင်း၊ သွေးတိုးဝေဒနာရှင်များအနေဖြင့် ဒန့်သလွန်ရွက်နှင့်ဒန့်သလွန်သီးများကို ပုံမှန်စားသုံးခြင်း ဖြင့်သွေးတိုးရောဂါကိုသက်သာစေနိုင်ကြောင်းစာပေများမှဖတ်ရှု့သိရှိရသည်။မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် မတ်လဒုတိယပတ် ဒန့်သလွန်သီးတောင့်ဈေးနှုန်းမှာ (၁၀)တောင့်ပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်၊ဖြင့်အရောင်းအဝယ် ဖြစ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)