
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဖုန်းပြုပြင်ရေးဆိုင် တစ်ဆိုင်၌ ၎င်း၏ဖုန်း Redmi Note 8 အား ပြင်ဆင်ရန် ဝန်ဆောင်ခငွေ ကျပ် ၁၁၅,၀၀ဝ/- ဖြင့် အပ်နှံခဲ့ရာ ဖုန်းပြုပြင်မှု အဆင်မပြေသောကြောင့် ဝန်ဆောင်ခ များ ပြန်လည်တောင်းခံရာ ငွေကျပ် ၉၅,၀၀ဝ/-သာ ပေးအပ် သဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ ဆက်သွယ်တိုင် ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ဖုန်း ပြုပြင်ရေးဆိုင်မှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဖုန်းပြုပြင်ရေးဆိုင်မှ တာဝန်ရှိ သူက တိုင်ကြားသူထံဆက်သွယ်၍ ပေးအပ်ရန်ကျန်ရှိသည့် ငွေကျပ် ၂၀,၀၀ဝ/-အား Wave Pay ဖြင့်လွှဲပေးခဲ့ပြီးဖြစ်ပါကြောင်း ဌာနသို့ ဆက်သွယ် ပြန်ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူက တိုင်ကြား သူအား ဆက်သွယ်မေးမြန်းခဲ့ရာ ငွေလက်ခံရရှိပါကြောင်းနှင့် တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
