ဂျုံစားသုံးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ
ကျွန်ုပ်တို့၏နေ့စဉ်စားသုံးမှုထဲတွင် ပါဝင်သောဂျုံသည်ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာပေးပါသည်။ ယနေ့ခေတ်တွင်အသင့်စားအစာများနှင့် ကျန်းမာရေးနှင့်မညီညွတ်သောအစား အစာများကြောင့် အဝလွန်ခြင်းကိုဖြစ်စေပါသည်။ ဂျုံစားသုံးခြင်းကြောင့် အားပြည့်စေပြီးအဝ လွန်ခြင်းကို ထိန်းချုပ်ပေးနိုင်ခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ် သော ကိုလက်စထရောများကို လျော့ကျစေပြီးနှလုံးနှင့်ဆက်စပ်သော ရောဂါများကို ကာကွယ်ပေးခြင်း၊ အမျိုးအစား(၂)ဆီးချိုကိုထိန်းချုပ်ပေးခြင်း ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးခြင်း၊ အမျိုးသမီး များ သွေးဆုံးချိန်တွင်ဖြစ်တတ်သော ဝေဒနာများကို သက်သာစေခြင်း၊ ဂျုံတွင်ပါဝင်သောအမျှင်ဓာတ် များသည် သွေးဖိအားများခြင်းကို ထိန်းချုပ်ပေးခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးခြင်း၊ ကယ်လ်စီယမ်ဓာတ်ပါဝင်သောကြောင့် သွားနှင့်အရိုးဆစ်များကို သန်မာစေခြင်း၊ ဗီတာမင်ဘီ ပါ၀င်သောကြောင့် ဇီ၀ဖြစ်ပျက်မှုများကို ကောင်းစေပြီးဖောလစ်အက်ဆစ် ပါဝင်သောကြောင့် ကိုယ်၀န် ဆောင်မိခင်များ အနေဖြင့်လည်းဂျုံကိုစားသုံးပေးသင့်ကြောင်းလေ့လာသိရှိရသည်။
DOCA(မန္တလေး)