အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း၊ ဆံပင်များအထွေးလိုက် ကျွတ်ခြင်းများဖြစ်နေပါက ကရမက် ကိုသွေး၍ ဆားအနည်းငယ်ခတ်ပြီး အိပ်ရာဝင်ခါနီးတိုင်း ဟင်းခပ်ဇွန်းတစ်ဇွန်း သောက်ပေးပါ။ ဆံပင်ဖြူခြင်းနှင့် ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ အပူကြောင့်ဖြစ်သော မိတ်ဖုယားနာဖုများ ကိုလည်း ပျောက်ကင်းသက်သာစေပါသည်။ အိပ်မပျော်သူများအတွက် ကရမက်မှုန့် သို့မဟုတ် ကရမက်သွေးရည် သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။ အညောင်းအညာ အကိုက်အခဲ သက်သာစေပြီး လိမ်းထားပါက ကရမက်ရနံ့ကြောင့် စိတ်ကြည်လင်စေသည့်အပြင် ကိုယ်သားကိုယ် ရေကိုလည်း အေးမြစေပါသည်။
အပူအောင်းခြင်းနှင့် ခန္ဓာကိုယ်တွင်း အပူကြီးသူများအတွက် အထူးသင့်လျော်ပါသည်။ နှလုံး တုန် ရင်ခုန်သူများ၊ သွေးပူရောဂါရှင်များနှင့် အပူများသူများသည် ကရမက်ကို နေ့စဉ် ရေချိုးပြီးတိုင်း တစ်ကိုယ်လုံး သွေးလိမ်းပေးပါ။ ထို့နောက် ကရမက်သွေးရည်ကို ဟင်းခပ်ဇွန်းတစ်ဇွန်း နေ့စဉ် သောက်ပေးပါက ရောဂါဝေဒနာများ သက်သာပျောက်ကင်း သွားပါမည်။ သွေးဆုံးကိုင် သူများအတွက် ပျမ်းမျှအသက် (၄၇) နှစ်ဝန်းကျင်တွင် ဝေဒနာ စတင်ခံစားရတတ်ပါသည်။ မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင် မှန်းဆ နိုင်ပါသည်။ သွေးဆုံး ကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို သွေး၍လည်း သောက်သုံးပေးပါ။ မီးယပ်ရောဂါ အမျိုးမျိုးအတွက် အားအထားရဆုံးဖြစ်၍ "အမျိုးသမီးအသက် ကရမက်" ဟုလည်း ဆိုစကား ရှိပါသည်။ ကရမက်နှင့် မတည့်သည်မှာ ထန်းလျက်ဖြစ်ပါသည်။ ကရမက်သောက်ပြီး တစ်နာရီခန့် အတွင်း ထန်းလျက်မစားရပါ။ အပူထွက်အောင် ကရမက်၊ သနပ်ခါး လိမ်းရန်ပထမဦးစွာ ဘယ်ခြေကို အရင်လိမ်းပြီး ဒုတိယ ညာလက်ကို လိမ်းရပါမည်။ နောက်တစ်ကြိမ် ဘယ်ခြေ ညာလက်ကို နှစ်ကြော့လိမ်း၍ ခြောက်သွားပါက ထပ်လိမ်းရပါမည်။ ဘယ်ခြေ ညာလက် (၃) ကြိမ် လိမ်းပြီးလျှင် ညာခြေ ဘယ်လက်ကိုလည်း (၃) ကြိမ် လိမ်းကျံပေးရပါမည်။ ပြီးမှ ခန္ဓာကိုယ်အနှံ ဖြန့်လိမ်းရပါမည်။ လိမ်းနည်းစနစ် မှန်ကန်ပါက ရှိသမျှအပူများကို စုပ်ထုတ်သွား ပါလိမ့်မည်။ အပူလွန်ရောဂါ ခံစားရသူများအားလုံး အေးမြသော ကရမက်နှင့် သနပ်ခါးကိုသာ ဆေးအဖြစ် မှီဝဲပါ။ အစွန်အဖျား ကနေ စတင်လိမ်းရပါမည်။ ခြေထောက်ဆိုလျှင် ခြေဖမိုးကစ၍ ခြေသလုံး၊ ပေါင်၊ တင်ပါး တစ်ဆင့် စီလိမ်းပါ။ လက်ဆိုလျှင် လက်ဖမိုးကစ၍ လက်ဖျံ၊ လက်မောင်း၊ ပုခုံး တစ်ဆင့်စီလိမ်းခြင်းဖြင့် သိသာစွာ သက်သာစေကြောင်း အမျိုးသမီးများအသက်ကရမက် ဆေးဖက်ဝင်ပုံအား ဖတ်ရှု့သိရှိရ သမျှ ရေးသားလိုက်ပါတယ်။
Doca(မန္တလေး)
