Main menu

“ငှက်ပျောသီးဈေးနှုန်းနှင့်ကျန်းမာရေးအတွက်အသုံးဝင်ပုံ”

Powered by Drupal
Fri, 03/13/2026 - 14:59 -- consumer_admin

                 မြန်မာနိုင်ငံတွင် ငှက်ပျောသီးအား ကလေး၊လူကြီးမရွေးစားသုံးကြသည့်သီးနှံဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသည့်သီးနှံများမှာ ဖီးကြမ်းငှက်ပျော၊ဝက်မလွတ်၊သီးမွှေးငှက်ပျောနှင့်ရွှေနီငှက်ပျော စသည်ဖြင့်မျိုးစုံစိုက်ပျိုးကြပါသည်။လူတို့ကျန်းမာရေးအတွက် နေ့စဉ်စားသုံးသင့်သည့် သစ်သီးဝလံ များစွာရှိသည့်အနက် ငှက်ပျောသီးတွင် ရေဓာတ်၊ဗီတာမင် B1 ၊ B6၊ ပိုတက်စီယံဓာတ်စသည့် အဟာရဓာတ်များစွာပါဝင်ပါကြောင်း၊ကလေးသူငယ်များ စားသုံးခြင်းဖြင့် ပန်းနာ၊ရင်ကြပ်ရောဂါများ ကိုသက်သာစေပါကြောင်း၊အမျိုးသမီးများပုံမှန်စားသုံးပါက ရင်သားကင်ဆာဖြစ်ပွားမှုကိုလျော့ချနိုင် ပါကြောင်း၊ငှက်ပျောသီးတွင် အမျှင်ဓာတ်များစွာပါဝင်ခြင်း ၊ နံနက်သင်္ဘော ၊ ညငှက်ပျောဆိုသည့် အတိုင်းငှက်ပျောသီးကို အိပ်ယာဝင်ခါနီးတိုင်းစားသုံးခြင်းဖြင့် ဝမ်းမှန်စေပါကြောင်း ကျန်းမာရေး ဗဟုသုတများအရသိရှိရပါသည်။ ကျောက်ဆည်မြို့ရှိ မြို့မဈေးနှင့် အေးမြကြည်လင်ဈေးများတွင် ရာသီမရွေးရရှိသည့် ငှက်ပျောသီးများကိုလည်း ရောင်းချလျက်ရှိပါသည် ။ ငှက်ပျောသီးကို ကျောက်ဆည်ဒေသမှ အဓိကထွက်ရှိသည့်အတွက် ဒေသထွက် ငှက်ပျောသီးများကိုလည်း အဓိက ထားရောင်းချလျက်ရှိပါသည် ။ ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင် (၃၀၀၀-၄၅၀၀/-)ကျပ်ခန့်ရှိကြောင်း ၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင်(၄၀၀၀-၆၀၀၀/-) ကျပ်ခန့် ရှိကြောင်း၊ ကျောက်ဆည်မြို့ ၊ အေးမြကြည်လင်ဈေး နှင့် မြို့မဈေးရှိ ငှက်ပျောသီး ရောင်းချသော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)