Main menu

သံစဉ်များထုတ်လွှင့်ရာ စစ်ကိုင်းဂစ်တာ စစ်ကိုင်းဂစ်တာသမိုင်း

Powered by Drupal
Thu, 03/12/2026 - 14:00 -- consumer_admin

 စစ်ကိုင်းဂစ်တာလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ဦးစိန်လှိုင်နှင့် ဦးသန်းရွှေတို့သည် စစ်ကိုင်းဂစ်တာ၏ ရှေ့ဆောင်လက်သမားဆရာကြီးများအဖြစ် ထင်ရှားခဲ့သည်။ ဦးစိန်လှိုင်သည် စစ်ကိုင်းဂန္တဝင်ဂစ်တာလောကတွင် နာမည်ကြီးသူဖြစ်သည်။ စစ်ကိုင်းမြို့၏ လက်လုပ်ဂစ်တာ လုပ်ငန်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ကျော်ကြားပြီး မြန်မာ့လက်မှုပညာဂုဏ်ဆောင်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာ့ဂစ်တာလုပ်ငန်း၏ ဗဟိုဌာနချုပ်လိုတောင် ဆိုနိုင်ပါသည်။ ဆိုရှယ်လစ်ခေတ် ကာလမှာ နိုင်ငံခြားပစ္စည်းများတင်သွင်းမှု အကန့်အသတ်ရှိသည့်အတွက် ဂစ်တာဝယ်ယူရ ခက်ခဲသည့်အတွက် စစ်ကိုင်းမြို့ လက်မှုပညာရှင်အချို့သည် ဂစ်တာကို စတင်ပြုလုပ်ခဲ့ကြပါသည်။ ဂစ်တာတစ်လုံးပြုလုပ်ချိန်သည် ၃/၄ ရက်မှ တစ်ပတ်ထိ ကြာမြင့်ပါသည်။ ၁၉၇၅ ခုနှစ် နောက်ပိုင်းမှစ၍ စစ်ကိုင်းဂစ်တာလုပ်ငန်း စစ်ကိုင်းအိုးဟု မြန်မာတစ်နိုင်ငံလုံးတွင် ထင်ပေါ် ကျော်ကြားခဲ့ပြီး (HandMade) စစ်စစ်ဂစ်တာများ၊  တူရိယာပစ္စည်းများအား ဘဘ ဦးကျော်သိန်း (မောင်ကျော်သိန်း ဂစ်တာ)ဆိုသော အမှတ်တံဆိပ် တစ်ခုတည်းသာ ရှိခဲ့ပါသည်။ မျိုးဆက်များမှ ဆက်လက်ထိန်းသိမ်းခဲ့ပြီး လေ့လာသင်ကြား စူးစမ်းမှုများ ပြုလုပ်၍ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ စ၍ ဆန်းသစ် တီထွင်မှုများနှင့်  နိုင်ငံတကာအဆင့်မီ  ကြိုးတပ်တူရိယာပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့ ကြပါသည်။ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ပြီး ဝယ်လိုအားအပေါ်မှာ မူတည်၍ ထုတ်လုပ်အား မြင့်တက်လာစေရန် စက်မှုလက်မှုတွဲဖက်ပြီး  တတ်နိုင်သလောက် ကြိုးစားအားထုတ် ပြုလုပ်ခဲ့ ကြရပါသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အရည်အသွေးမှီ တူရိယာပစ္စည်းမျိုးစုံထုတ်လုပ်နိုင်ခဲ့ပြီး ခိုင်မာသော ဈေးကွက်ရရှိခဲ့ပါသည်။

အသင်းဖွဲ့စည်း ဆောင်ရွက်ထားရှိမှုအခြေအနေ

          စစ်ကိုင်းမြို့နယ် ဂစ်တာလုပ်ငန်းရှင်များအသင်းကို (၂၉.၆.၂၀၁၃)ရက်နေ့တွင် အလုပ်အမှု ဆောင် (၉)ဦး၊ အသင်းသား (၂၀)ဦးဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ယခင် စစ်ကိုင်းခရိုင် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဖွဲ့စည်းပေးခဲ့ပါသည်။

အသုံးပြုသည့်ကုန်ကြမ်း အမျိုးအစားများနှင့် ဝယ်ယူရရှိသည့် ဒေသ

ဂစ်တာထုတ်လုပ်ရန်အတွက် အသုံးပြုသည့် ကုန်ကြမ်း အမျိုးအစားများမှာ အထပ်သား၊ သစ်သား၊ ကီး၊ ကြိုး၊ ဘားနှင့် ဆက်စပ်အသုံးပြုသည့် ကုန်ကြမ်းအမျိုးအစားများမှာ သံထည်၊ အသားထည် များကို လိုအပ်သော ဂစ်တာပုံစံ  “မိုကော်မျိုးစုံဖြစ်သည့် စူပါကော်၊ အမြှုပ်ကော်၊ အသားကပ်ကော်တို့ဖြစ်ကြပါသည်။ ကုန်ကြမ်းပစ္စည်းများကို မန္တလေးအထပ်သားစက်ရုံမှ မှာယူပြီး  ကီး၊ ကြိုး၊ ဘား၊ ရှေ့နောက် တုံးများကို တရုတ်ပြည်မှ မှာယူအသုံးပြုပါသည်။ မိုဖြင့်ပြုလုပ်သော အထပ်သားဂစ်တာပုံများကို လက်တံတပ်ဆင်ခြင်း၊လက်ဖက်ကပ်ခြင်း၊ အဝိုင်းဖောက်ခြင်း၊ ကီးဖောက်ခြင်း၊ ကော်ဖတ်စားခြင်း ဖလက်ပြား လက်ကွက်များချခြင်း၊ စိတ်ခြင်း၊ ဆေးသုတ်ခြင်း ဆေးမှုတ်ခြင်း၊ လိုင်းဆွဲခြင်း၊ အရောင်တင်ခြင်း ဘရိတ်ခုံတပ်ဆင်ခြင်း၊ ကီးကြိုးတပ်ဆင်ခြင်း ထုတ်ပိုးခြင်း တို့ဖြစ်ပါသည်။

 

 

ထုတ်လုပ်မှု ပမာဏ

ထုတ်လုပ်မှုမှာ တစ်နှစ်ပတ်လုံးဖြစ်ပြီး မိုးတွင်းကာလများတွင် အရောင်းအဝယ်ပါးပြီး ကျန်ကာလများတွင် လုပ်ငန်းရှင်တစ်ဦးလျှင် တစ်လ ဂစ်တာ (၁၅၀)လုံးမှ (၈၀၀)လုံးခန့် ထုတ်လုပ် နိုင်ပါသည်။

အသုံးပြုသည့် စက်ယူနစ်နှင့် ထုတ်လုပ်သည့်နိုင်ငံ၊ အသုံးပြုစွမ်းအင်

          တရုတ်နိုင်ငံမှ ထုတ်လုပ်သော စက်ပစ္စည်းများကိုအသုံးပြုပြီး လျှပ်စစ်ပါဝါမီတာနှင့် 3 Hp ကို အသုံးပြုပါသည်။      

လုပ်သားအင်အား

          စစ်ကိုင်းမြို့တွင် ဂစ်တာလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် (၂၀) ဦးခန့်ရှိပြီး လုပ်ငန်းရှင် တစ်ဦးလျှင် လုပ်သားအင်အား (၃)ဦးမှ (၁၂)ဦးထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ပါသည်။

ရောင်းဈေး

          ပစ္စည်းအမျိုးအမည်                                 ဈေးနှုန်း (ကျပ်)

(က)    ထွင်းအိုးဂစ်တာ                                     (၂၅)သိန်း               

(ခ)     ရှေ့ကာလာ                                            (၉) သောင်း            

(ဂ)     လိုက်ကာ All                                          (၉) သောင်း   

(ဃ)    စတီးကီး၊ စတီးဘားလိုက်ကာ           (၁သိန်း ၁သောင်း)                      

(င)     ထင်းရှူးဂစ်တာ                                      ( သိန်း သောင်း)  

(စ)     အဆင့်မြင့်ထင်းရှူးဂစ်တာ                        (၂)သိန်း                                    

(ဆ)    EQထင်းရှူးဂစ်တာ                                  (၂)သိန်း                                     

(ဇ)     မယ်ဒလင် (ရိုးရိုး)                                   ( သောင်း/ သိန်း)

(ဈ)     ကလေးဂစ်တာ                                      (၁သိန်း)                 

ဖြန့်ဖြူးရောင်းချသည့် ဒေသ

ဒေသတွင်းဈေးကွက်နှင့် မန္တလေး၊ ရန်ကုန်၊ ကချင်၊ ကရင်၊ ရှမ်း မြန်မာပြည် အနှံ့အပြားသို့ တင်ပို့ ရောင်းချပါသည်။၊     

ပြသခဲ့သည့် ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများနှင့် အကျိုးကျေးဇူး

          ပြည်တွင်းကုန်စည်ပြပွဲအနေဖြင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့များတွင် ကျင်းပခဲ့သည့် ကုန်စည်ပြပွဲများ၊ ပြည်ပကုန်စည်ပြပွဲ အနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဖိတ်ခေါ်ချက်အရ ယိုးဒယား နိုင်ငံများသို့လည်း သွားရောက်ပြသနိုင်ခဲ့ပါသည်။ ပြည်တွင်းပြည်ပကုန်စည်ပြပွဲများသို့ လိုက်ပါပြသ ခြင်းကြောင့် မိမိဒေသ၊ မြို့နယ်၊ တိုင်းနှင့် မိမိနိုင်ငံ၏ ထုတ်ကုန်ပစ္စည်း စစ်ကိုင်း ဂစ်တာဆိုပြီး နိုင်ငံတကာ ဈေးကွက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်ချဲ့ထွင် ရောင်းချပြသ နိုင်ခဲ့ပါသည်။            

နိဂုံး

          စစ်ကိုင်းလက်လုပ်ဂစ်တာတွေဟာ ဈေးကွက်ထဲမှာ ဈေးအရမယှဉ်နိုင်ပေမဲ့ အရည်အသွေးနဲ့ ဝယ်သူရဲ့ စိတ်ကျေနပ်မှုမှာတော့ ယှဉ်နိုင်တယ်ဆိုတာ သက်သေပြထားပါတယ် လက်သမားဆရာရဲ့

 

ချွေးနဲ့ စိတ်ဓါတ်ပါတဲ့ ဂစ်တာတစ်လုံးသည် တရုတ်နိုင်ငံမှ စက်နှင့် ထုတ်လုပ်ထားသည့်  ဂစ်တာတွေနဲ့ မတူညီတဲ့အတွက် မြန်မာနိုင်ငံမှ လက်နှင့်ပြုလုပ်သည့် ဂစ်တာက အသက် ဝိညာဉ်ရှိတယ်လို့ ဂီတပညာရှင်တွေက ဆိုကြပါတယ်၊ စစ်ကိုင်းဂီတဟာ မြန်မာ့ဂီတယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါသေးတယ်။ ဂစ်တာထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စစ်ကိုင်းခရိုင်/ မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများ ခိုင်မာစွာရရှိစေခြင်း၊ ထင်း အဖြစ် သုံးစွဲမည့် အလေအလွင့် အသားများအား တန်ဖိုးရှိ တူရိယာပစ္စည်းများ တီထွင်ဖန်တီးပြီး ပြည်တွင်းဖြစ် အဆင့်မြင့်ဂစ်တာ၊ မယ်ဒလင်၊ တယော၊ ဘင်ဂျို ကြိုးတပ်တူရိယာမျိုးစုံ ထုတ်လုပ်နိုင်စေခြင်း၊ ပြည်တွင်းဝယ်လိုအားကို အပြည့်အစုံ ထုတ်လုပ် နိုင်ခြင်း၊ ခေတ်မီနည်းပညာများဖြင့် ပိုမိုစိတ်ဝင်စားမှုရှိစေပြီး တန်ဖိုးထားလာစေခြင်း၊ နိုင်ငံခြားဖြစ် ပစ္စည်းများနှင့် အရည်အသွေးတူညီသော တူရိယာပစ္စည်းများ ထုတ်လုပ် မှုဖြင့် ပြည်တွင်းဖြစ် ပစ္စည်းတန်ဖိုး မြှင့်တင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်း ချရန် အဆင့်မြှင့် တင်မှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိစေခြင်းနှင့် ဂစ်တာလုပ်ငန်း ဆောင်ရွက်သူများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာနိုင်စေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)