Main menu

ငရုတ်သီးစိမ်း ၏အာဟာရတန်ဖိုးအကြောင်း

Powered by Drupal
Wed, 03/11/2026 - 10:28 -- consumer_admin

                     ငရုတ်သီးစိမ်းနည်းနည်းစားခြင်းဖြင့် အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။ ချွဲသလိပ်တွေချောင်စေပြီး ချောင်းဆိုးသက်သာစေပါတယ်။ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးတဲ့အတွက် အအေးမိခြင်းအပါအဝင် နာမကျန်း ဖြစ်တာ အတော်များများကို သက်သာလျော့ပါး စေနိုင်စွမ်း ရှိပါတယ်။ ငရုတ်သီးစိမ်းမှာပါတဲ့ ဗီတာမင်စီက အရောင်ကျစေတဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ဂေါက်ရောဂါ၊ အနာတွေနဲ့ နှလုံးဆိုင်ရာ ရောဂါပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

              ဗီတာမင်စီကြောင့် အနာတွေ၊ ဒဏ်ရာတွေကို အကျက်မြန်စေပါတယ်။ အရေပြား ဖွဲ့စည်းပုံမှ အဓိကကျတဲ့ ကိုလာဂျင်အသားဓာတ် ဖြစ်ပေါ်မှု၊ လုပ်ဆောင်ချက်ကို ထောက်ပံ့ အားပေးပြီး အရေပြား အသစ်ဖြစ်ပေါ်မှုကိုကူညီတဲ့ ဗီတာမင်စီက အနာကျက်မြန်စေ နိုင်ပါတယ်။ အရသာ ပူတယ်စပ်တယ် ဆိုပေမယ့်လည်း အံ့သြစရာကောင်းတာက ငရုတ်သီးစိမ်းမှာ အပူလျှော့ ချခြင်း နှိုးဆွပေးတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေပါတယ်။ ငရုတ်သီးစိမ်းမှာ အစာခြေ ဖျက်မှုကိုအားပေးထောက်ပံ့ပြီး၊ အူကိုရှင်းစေတဲ့အတွက် ဝမ်းလည်းမှန်စေပါတယ်။ ငရုတ်သီးစိမ်းက တံတွေးလည်း ပိုထွက်စေ တာကြောင့် အစာကောင်းစွာကြေညက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ဗီတာမင်စီက ငရုတ်သီး စိမ်းမှာပါတဲ့ အကောင်းဆုံး ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မျက်စိနဲ့ အမြင်အာရုံ ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ကိုလက်စထရောပမာဏကို လျှော့ချပေးပြီး နှလုံးသွေးကြောတွင်း ကိုလက်စထရောစုပုံခြင်းကို ရှင်းလင်းပေးပါတယ်။ ထမင်းစား တဲ့အခါ အသုပ်လေး ထဲမှာဖြစ်ဖြစ် ငရုတ်သီးစိမ်းလေးထည့်စားရင် အသားအရေလည်းနုပျိုစေပြီး အရေပြား ကျန်းမာရေး အတွက်ပါကောင်းပါတယ်။ အရေးအကြောင်း တွေကိုလည်း လျော့ပါးစေပြီး ဗီတာမင်စီကြောင့် ဆဲလ်တွေကို ပျက်စီးစေခြင်းမဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်မီ ရင့်ရော်မှု လက္ခဏာတွေ ကိုလျော့ပါးစေကြောင်း ငရုတ်သီး၏ အာဟာရတန်ဖိုးအကြောင်းအား သိရှိသမျှရေးသားလိုက်ပါတယ်။

DOCA(မန္တလေး)