
အာတာလွတ်ဥများသည် မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်ပင်သီးနှံ များအဖြစ် စိုက်ပျိုးပြီး တစ်နှစ်၊ နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၈-၁၂)လ အကြာတွင် တူးဖော်ရကြောင်း၊ အာဟာရပြည့်ဝသော အရသာမှာဆိမ့်ဆိမ့်လေးရှိပြီး မုန့်နှင့် အတူ စားသုံးလေ့ရှိကြောင်း၊ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် အစာချေစနစ်ကောင်းမွန်စေပြီးအစာချေစနစ်ကိုကောင်းမွန်စေ၍သွေးလည်ပတ်မှုနှုန်းမြင့်မားစေသလိုနှလုံးကျန်းမာရေးကို ကောင်းမွန် စေခြင်းစသောအကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။ သံဓာတ်နှင့် ပရိုတင်းဓာတ် များကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးများကိုသန်မာစေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုကာကွယ် ပြီးသကြားဓာတ်အားထိန်းပေးကြောင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေခြင်းဖြင့် ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးကြောင်း သိရှိရသည်။ ဆီးချိုရောဂါသမားများအတွက် အထောက်အကူပြုသောကြောင့် ဆေးဖက်ဝင်သော အာတာလွတ်ဥများကို စားသုံးသင့်ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
