Main menu

သံပုရာသီးအထွက်နှုန်းကောင်းအောင်ပြုစုခြင်းဖြင့် ဝင်ငွေရှာကြမယ်

Powered by Drupal
Mon, 03/09/2026 - 11:48 -- consumer_admin

               စိုက်ပျိုးထားသော သံပုရာပင်များ ကြာပြီဖြစ်ပေမယ့် အသီးအပွင့်ထွက်မလာပဲအပင်များကို အသီးအပွင့်တွေ ပွင့်လာစေရန် သံပုရာပင်တွေကို ကိုင်းတက်တွေ ရှင်းပေးရပါမယ်။ ကိုင်းခြောက် ၊ ကိုင်းကျိုး ၊ မသန်စွမ်းတဲ့ကိုင်း ၊ ကိုင်းသေးကိုင်းညှပ်တွေကို ရှင်းပေးရပါမယ်။ ကိုင်းတက်များနေရင် အသီးအပွင့်မထွက်လွယ်ပါ။ ထို့ကြောင့် ကိုင်းရှင်းပေးရန်လိုပါအပ်ပါတယ်။ အပင်များကို အာဟာရ ကောင်းစွာ ကျွေးပေးရပါမယ်။ သဘာဝမြေဩဇာဖြစ်သော နွားချေးဆွေး၊ ကြက်ချေးဆွေးတွေကို အသုံးပြုရင် အသီးအထွက်နှုန်းပိုကောင်းပါတယ်။ အသီးအပွင့်အားဆေးတွေကို အသုံးပြုပေး ရပါမယ်။ အသီးအပွင့်အားဆေး ပြုလုပ်နည်းကို အသေးစိတ်ဖော်ပြပေးပါမယ်။  အသီးအဖတ် တင်အောင် ဆန်ဆေးရည် ၊ ဟင်းချိုမှုန့် ၊ သကြားနှင့် ဒိန်ချဥ် စသည်တို့ကို အသုံးပြုပါက အထွက် နှုန်းကောင်းပါသည်။ ဆန်ဆေးရည် တစ်လီတာပြည့်အောင်ဘူးထဲ ထည့်ထားပေးပါ။ ဟင်းချိုမှုန့် တစ်ဇွန်းခန့် ထည့်ထားပေးပါ။ သကြားတစ်ဇွန်းခန့် ထပ်ထည့်ပေးပါ။ ဒိန်ချဥ်တစ်ဘူး ထည့်ပေးပါ။ သမသွားအောင် လှုပ်ခါရောစပ်ပေးပြီး အရိပ်ထဲမှာ တစ်ပတ်ခန့်ထားပေးပါ။ တစ်ရက်တစ်ခါ လှုပ်ခါပေးပြီး အဖုံးဖွင့်ပေးရပါမယ်။  အသုံးပြုရန်အတွက် ရေတစ်လီတာကို တစ်ဇွန်းအနည်းဆုံး ထည့်ပြီး သံပုရာပင်တွေပေါ် ဖြန်းပေးရပါမယ်။ တစ်ပတ်တစ်ကြိမ်ဖြန်းပေး လို့ရပါတယ်။ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ ဖြန်းပေးရင် ပိုကောင်းပါတယ်။ အပွင့်ပွင့်လာပြီဆိုရင် ဆေးမဖြန်းဘဲ ရပ်ထားပေးရပါမယ်။ ထိုသို့ဆေးဖြန်းရပ် ထားခြင်းမပြုပါက အသီးအပွင့်တွေ ကြွေကျတတ်ပါတယ်။ ထိုနည်းအတိုင်း သံပုရာပင်ကိုပြုစုခြင်းဖြင့် အသီးအထွက်နှုန်းကောင်းပြီး စီးပွားဖြစ်ဝင်ငွေတိုး ကြောင်း သံပုရာစိုက်တောင်သူများထံမှသိရှိရသည်။

DOCA(မန္တလေး)