ငှက်ပျောသီးမှာ အဓိကအားဖြင့် ဗီတာမင် (C, A, B6, B12)၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်များပါဝင်ခြင်း၊ ငှက်ပျောသီး၏ သံဓာတ်မြင့်မားခြင်းကြောင့် သွေးထဲမှာ သွေးနီဥဆဲလ်ကိုများစေပြီး သွေးအားနည်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ အငန်ဓာတ်ပါဝင်မှုနည်းခြင်းကြောင့် သွေးတိုးရှိသူ များစားသုံးရန်သင့်ခြင်း၊ အစာချေဖျက်မှု စနစ်ကောင်းမွန်ခြင်း၊ အရိုးအဆစ်များ သန်မာစေခြင်း၊ ပိုတက် စီယမ်ဓာတ်ကြွယ်ဝခြင်းကြောင့် ခန္ဓာယ်ကိုယ်ရဲ့ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးပြီး နှလုံးခုန် နှုန်းကို ပုံမှန်ပြန်ဖြစ်စေခြင်းစသော ကောင်းကျိုးများရရှိနိုင်ပါသည်။ ငှက်ပျောသီးစားခြင်းသည် ကောင်း ကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်း ဒွန်တွဲနေပါသည်။ ငှက်ပျောသီးကို တစ်ရက်တည်းနဲ့ အများအပြား စားသုံးခြင်းက သွေးတွင်းသကြားဓာတ်များလာနိုင်ခြင်းနှင့် သွေးပေါင်ချိန်များလာနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ငှက်ပျောသီးကို ကျန်းမာရေးနှင့်အညီသာ စားသုံးသင့်ကြောင့်လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)
