
ထောပတ်သီးဆိုတာက ထောပတ်ပင်ရဲ့အသီးဖြစ်ပါသည်။ အပြင်အခွံ အညိုရောင်၊ အစိမ်းရောင်ရှိ ပါသည်။အတွင်းအသားအရောင်ကထော အဝါရောင်ဖျော့ဖျော့ သို့မဟုတ် အစိမ်းရောင် နုနု ရှိပါသည်။ အပင်ကြီးမျိုးဖြစ်သည့်အတွက်ကြောင့် အသီးတွေက အခိုင်လိုက် သီးတက်ပါသည်။ အသီးပုံသဏ္ဍာန်မှာအဝိုင်း ၊ ရှည်မြောမြောလေးတွေလည်းရှိပါသည်။ ထောပတ်သီးကို နွားနို့နဲ့ပဲ ဖျော်သောက်သောက် ၊ ဒီတိုင်းပဲစားစား ကောင်းသလို သကြားနဲ့လည်းတို့စားကြပါသည်။ ထောပတ်သီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင်C ၊ ဗီတာမင်E ၊ အမျှင်ဓာတ်၊ သကြားဓာတ် အပြင် အဟာရဓာတ်များစွာပါဝင်ပါသည်။ ထောပတ်သီးတွင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီတစ်မျိုးဖြစ်တဲ့အတွက် omega 3 ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးတွင်း ကိုလက်စထရောဓာတ်ကို ကျစေပြီး နှလုံးကျန်းမာရေးကို အထောက်ကူပြုပါသည်။ ထောပတ်သီး တွင်ဗီတာမင် စီနဲ့ ဗီတာမင်အီး ပါဝင်သောကြောင့်အရေပြားအဟာရပြည့်စေပြီး၊အရေပြားအနီအပိန့်ထွက်တာကိုသက်သာစေပါသည်။ထောပတ်သီးက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသောကြောင့် စားသုံးပေးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။
DOCA(ပဲခူး)
