Main menu

ကြက်သွန်ဖြူနှင့်ကျန်းမာရေး

Powered by Drupal
Wed, 02/25/2026 - 13:26 -- consumer_admin

                    ကြက်သွန်ဖြူကတော့ ဟင်းချက်ရာတွင် မပါမဖြစ်ပါသည်။ကြက်သွန်ဖြူကို ဖုတ်စားသူ လည်းရှိသလို အစိမ်းစားတဲ့သူလည်းရှိပါသည်။ကြက်သွန်ဖြူတွင်ဆာလဖာဒြပ်ပေါင်းပါဝင်သောကြောင့်အနံ့နဲ့အရသာဖြစ်ပေါ်စေပြီး ကျန်းမာရေးကိုအကျိုးပြုစေပါသည်။ ကြက်သွန်ဖြူကို စားပေးခြင်းအားဖြင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး၊ ခန္ဓာကိုယ်အတွင်းရှိ ကလီစာများကို ပျက်စီးစေသော အဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။ အူလမ်းကြောင်း လုပ်ငန်းဆောင်တာ တွေကိုတိုးတက်ကောင်းမွန်စေပါသည်။ ကြက်သွန်ဖြူကို အအေးမိချိန်တွင် စားသုံး ပေးခြင်းဖြင့် အအေးမိဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတွေကို သက်သာစေသည့်အပြင် သွေးတိုး ရောဂါသက်သာစေခြင်းအပြင်၊ ကိုလက်စထောကို ကျဆင်းစေပါသည်။ ကိုလက်စထရောနှင့် အဆီတွေကို လျော့ချပေးသောကြောင့် နှလုံးရောဂါ သက်သာစေဖို့အတွက်လည်း အထောက် အကူပြုပါသည်။ကျန်းမာရေးအတွက် အထောက်အကူပြုသော်လည်း များများစားမိပါက ခံတွင်း နံ့ဆိုးခြင်း၊ခံတွင်းပူခြင်း၊ရင်ပူတာ၊ပျို့အန်တာ၊ဝမ်းလျှောတာဖြစ်နိုင်ပါသည်။ ကြက်သွန်ဖြူတွင် သွေးကျဲစေသည့်အတွက်ကြောင့် သွေးကျဲဆေးသောက်သူများ များများစားသုံးခြင်းကို‌ ရှောင်သင့်ပါသည်။အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမလို့ ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါသည်။

DOCA(ပဲခူး)