
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မတ်ပဲစိုက်ဧက လျာထား (၆၁၉၉) ဧက လျာထားပြီး စိုက်ဧကနေဖြင့် (၉၈၉၉) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ဆည်ရေ သောက်စနစ်ဖြင့် မြေအောက်ရေရရှိမှုအပေါ် မူတည်ပြီး မတ်ပဲကို အဓိကအားဖြင့် သီးထပ်သီးနှံ (Catch Crop) အဖြစ် အောင်မြင်စွာစိုက်ပျိုးကြသည့် ဒေသတစ်ခုဖြစ်ပါသည်။မတ်ပဲစိုက်ပျိုးမည်ဆို လျှင် သတိပြုသင့်သော အချက်အလက်များကို အနှစ်ချုပ်တင်ပြပေးလိုက်ပါသည်။စိုက်ပျိုးချိန် များသောအားဖြင့် မိုးစပါးအပြီး (နိုဝင်ဘာလဆန်း) မှာ အစိုဓာတ်ကို အသုံးချပြီးစိုက်ပျိုးကြပါသည်။ အချို့နေရာများတွင် နွေသီးနှံအဖြစ် (ဇန်နဝါရီ/ ဖေဖော်ဝါရီ) လတွေမှာလည်း စိုက်ပျိုးတတ်ပါ သည်။စိုက်ပျိုးသည့်အချိန်တွင် ရေသွင်းခြင်းအတွက် ပေါင်းလောင်းဆည်ရေ သို့မဟုတ် မြေအောက်ရေ အသုံးပြုနိုင်လျှင် အထွက်နှုန်း ပိုမိုကောင်းမွန်မှာ ဖြစ်ပါသည်။အထူးသဖြင့် အပွင့်ပွင့်ချိန်နှင့် အသီး အားဖြည့်ချိန်တွေမှာ ရေအပြတ်ဖို့ အရေးကြီးပါသည်။မြေဆီလွှာပြုပြင်သည့် အခါဖော့စဖိတ် (Phosphate) ဓာတ်မြေဩဇာကို ခြေခံကျကျ ထည့်သွင်းပေးလျှင် အမြစ်ဖုများ ပိုမိုဖြစ်ထွန်း စေနိုင် ပသည်။မျိုးရွေးချယ်မှုအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သောရေဆင်းမျိုး များ (ဥပမာ-ရေဆင်း-၄၊ ရေဆင်း-၇) ကို အဓိကထားစိုက်ပျိုးသင့်ပါသည်။မြို့နယ်ရေဆင်းစိုက်ပျိုးရေးသုတေ သနနှင့် နီးစပ်သောကြောင့် မျိုးကောင်းမျိုးသန့်များရရှိဖို့ အခွင့်အလမ်းပိုမိုပါသည်။မတ်ပဲတွင် အဖြစ် များသော မတ်ပဲရွက်ဝါရောဂါ (Yellow Mosaic Virus)ကို သယ်ဆောင်လာတတ်သော ယင်ဖြူ (Whitefly) ပိုးမွှားရောဂါအား အထူးဂရုပြုသင့်ပါသည်။အသီးကပ်ချိန်တွင် အထွက်နှုန်းကို ထိခိုက် စေနိုင်သည့်အတွက် သီးလုံးဖောက်ပိုးကျရောက်မှုမရှိစေရန်လည်း စနစ်တကျကာကွယ်ရပါမည်။
မတ်ပဲစိုက်ပျိုးခြင်းသည် တောင်သူများနှင့် နိုင်ငံ၏စီးပွားရေးအတွက်ပါ အကျိုးကျေးဇူးကြီး မားသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ပြည်ပပို့ကုန် ဈေးကွက်ခိုင်မာခြင်း အခြားသီးနှံများဖြင့် နှိုင်းယှဉ် ပါက ဈေးကွက်ခိုင်မာမှုရှိပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော သီးနှံဖြစ်ခြင်း၊ သက်တမ်းတိုခြင်း၊ ရေလိုအပ်ချက်နည်းခြင်း၊ သီးထပ်စိုက်ပျိုးနိုင်ခြင်း၊ ဘေးထွက်ပစ္စည်းများဖြစ်သော အပင်၏ အရိုး၊ အဖက်နှင့် ပဲဖက် တို့ကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်ခြင်း၊ စိုက်စရိတ်နည်းခြင်း၊ မြေဆီလွှာ ကောင်းမွန်စေသော သီးနှံဖြစ်သဖြင့် ပုဗ္ဗသီရိမြို့နယ်အတွက် စိုက်ပျိုးသင့်သော သီးနှံဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)
