Main menu

လူနေမှုဘဝအတွက် မရှိမဖြစ်အရေးပါသော နို့ထွက်ပစ္စည်း

Powered by Drupal
Thu, 02/19/2026 - 14:34 -- consumer_admin

      လူသားတို့၏နေ့စဉ်စားသောက်မှုပုံစံတွင် နို့နှင့်နို့ထွက်ပစ္စည်းများသည် အရေးပါသောအခန်း ကဏ္ဍမှပါဝင်လျက်ရှိပြီး ယခင်က နို့ဆီနှင့်နို့စိမ်းတို့ကိုသာ အဓိကထားသုံးစွဲခဲ့ကြသော်လည်း ယနေ့ ခေတ်တွင် ကျန်းမာရေးအသိမြင့်မားလာသည်နှင့်အမျှ လတ်ဆတ်သော နို့စိမ်း၊ ဒိန်ချဉ်၊ နို့ခဲနှင့် ထောပတ် စသည့်နို့ထွက်ပစ္စည်းများကို ပိုမိုကျယ်ပြန့်စွာစားသုံးလာကြပါသည်။

     လတ်ဆတ်သောနွားနို့တွင် ကယ်လ်ဆီယမ်နှင့်ဗီတာမင်Dကြွယ်ဝစွာပါဝင်ပြီး အရိုးအဆစ်နှင့် သွားများကို သန်မာစေရန်အထောက်အကူပြုပါသည်။ ဒိန်ချဉ်သည် အစာခြေစနစ်ကို ကောင်းမွန် စေသည့် အကျိုးပြုဘက်တီးရီးယားများစွာပါဝင်သဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နို့ခဲနှင့် ထောပတ်သည် အဆီဓာတ်နှင့်ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး ဟင်းလျာများတွင် အရသာပိုမို ကောင်းမွန်စေရန်အသုံးပြုကြသည်။

       နို့ထွက်ပစ္စည်းများသည် မပုပ်သိုးလွယ်စေရန်နှင့်ရောဂါပိုးမွှားကင်းစင်ရန်အတွက် အပူပေး ပိုးသတ်ခြင်းနည်းပညာကို အဓိကအသုံးပြုကြပြီး နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင် သန့်ရှင်းမှုနှင့် အပူချိန်ထိန်းညှိမှုကအရေးပါလှသည်။ နို့ထွက်ပစ္စည်းများသည်အသက်အရွယ်အရွေးစားသုံးရန် သင့်လျော်သည့် အာဟာရအဆင့်အတန်းကိုမြှင့်တင်ပေးရုံသာမကာ မွေးမြူရေးကဏ္ဍကိုလည်း အားကောင်းစေပါသည်။ ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် နို့ထွက်ပစ္စည်းများကို နေ့စဉ် အစားအစာများတွင် ထည့်သွင်းစားသုံးသင့်ပါသည်။

DOCA( ပဲခူး)