Main menu

နွေရာသီတွင်သောက်သုံးသင့်သောသဘာဝအုန်းစိမ်းရည်

Powered by Drupal
Thu, 02/19/2026 - 11:51 -- consumer_admin

              ပူခြောက်သွေ့သောနွေရာသီတွင် လူသားတို့အတွက် လိုအပ်သောအာဟာရဖြစ်စေသည့် အရာများ ထဲတွင်သဘာဝမှပေးသော အရာများထဲတွင် အုန်းစိမ်းရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ သန့်ရှင်းလက်ဆတ်သောအုန်းရည်သည် လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုစေပြီး များစွာသော အကျိုးကျေးဇူးများ ကိုဖြစ်ပေါ်စေပါသည်။

               သာမန်အားဖြင့်အုန်းသီးတစ်လုံးတွင် အုန်းရည်ပမဏ ၂၄၀ မီလီဂရမ် ခန့်ပါဝင်တက်ပြီး ကယ်လိုရီ ၄၅ ဂရမ်၊ ကာဘိုဟိုက်ဒြိတ် ၉ ဂရမ်၊ ဖိုက်ဘာ ၃ ဂရမ်၊ ပရိုတိန်း ၂ ဂရမ်၊ ဗီတာမင်စီ ၁၀ ရာခိုင်နှုန်း၊ မက်ဂ္ဂနီဆီယမ် ၁၅ ရာခိုင်နှုန်း၊ မန်းဂနီစ် ၁၇ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၁၇ ရာခိုင်နှုန်း၊ ဆိုဒီယမ် ၁၁ ရာခိုင်နှုန်း၊ ကယ်လ် ဆီယမ် ၆ ရာခိုင်နှုန်း တို့ပါဝင် ပါသည်။အဓိကအားဖြင့် ဖိုက်ဘာ၊ဗီတာမင် C နှင့် သတ္တုဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။

           အုန်းရည်သည် ချိုသောအရသာရှိသောကြောင့် သဘာဝအချိုဓာတ်သည် သွေးသကြား ပမာဏကို လျှောချပေးနိုင်သော အစွမ်းသတ္တိရှိပါသည်။ဆီးချိုသမားတွေအတွက်လည်း အချိုဓာတ် ကိုဖြည့်ဆည်းရုံ သာမကဆီးချိုရောဂါကို အထောက်အကူပြုစေပါသည်။အုန်းရည်မှာ Hemoglobin A1c နည်းပါးစွာပါဝင်သောကြောင့်သွေးတွင်း သကြားဓာတ်ကို ရေရှည်ထိန်းထားနိုင်စွမ်း ရှိပါသည်။အုန်းရည်ကို ပုံမှန်သောက် သုံးခြင်းဖြင့် ဆီးချိုဝေဒနာရှင်များ၏ ရောဂါကို တိုးတက် ကောင်းမွန်လာနိုင်ပါသည်။အုန်းရည်သောက်ခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို တားဆီး ပေးနိုင်ပါသည်။ နှလုံးနှင့်သက်ဆိုင်သော နှလုံးနှင့်သက်ဆိုင်သော ရောဂါဝေဒနာတွေ၏ အန္တရာယ် တွေကို လျှော့ချနိုင်သည့်အပြင် အသည်းအဆီဖုံးခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပါ သည်။

           အုန်းရည်တွင် ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် သွေးတိုးခြင်းကိုတားဆီး နိုင်ပြီး သွေးတွင်းမှ သွေးဖိအားတည်ငြိမ်အောင်လည်း ထိန်းချုပ်ပေးနိုင်ပါသည်။ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိသူများအတွက် အုန်းစိမ်းရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုကို အမြန်ဆုံး ပြန်လည် ဖြည့်ဆည်းပေးနိုင်သည့်အပြင် ဆုံးရှုံးသွားသော Electrolytes ကိုလည်းပြန်လည် ဖြည့်ဆည်း ပေးပါသည်။

            ထို့ကြောင့် ကျန်းမာရေးအတွက် များစွာသောအကျိုးကျေးဇူးများကိုဖြစ်ထွန်းစေသည့် အုန်းစိမ်းရည်သည် လူသားတို့အတွက် ရာသီဥတုနှင့်လျော်ညီစွာ သောက်သုံးသင့်ရန်လိုအပ် ပါကြောင်းနှင့်သဘာဝ၏အရသာဖြစ်သော အုန်းစိမ်းရည်သည်လည်း နွေရာသီတွင် သောက်သုံးခြင်း သည် ခံစားမှုအရသာတစ်ရပ်ကို ပေးစွမ်းနိုင်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။ အုန်းစိမ်းရည်တစ်လုံးလျှင် (၄၀၀၀-၄၅၀၀)ကျပ်ဖြင့်ရောင်းချနေလျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။

 DOCA( ပဲခူး)