Main menu

ဒန့်သလွန်ရွက်အကြောင်းတစေ့တစောင်း

Powered by Drupal
Wed, 02/18/2026 - 16:05 -- consumer_admin

    ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဒန့်ဒလွန်ပင်၏ အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးများတွင်အသုံးပြုကြကြောင်း၊  ဒန့်ဒ လွန်ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်း ရောင်အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ပိုတက် ဆီယမ်စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ဒန့်ဒလွန်တွင် မှိုပိုးကို သေစေနိုင်သည့် အာနိသင်ရှိ၍ ရောဂါပိုးများကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ ပါးစေနိုင်သည့် အစွမ်းလည်းရှိကြောင်း၊  ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ပရိုတင်း ဖြစ်ပေါ်မှုအတွက်အသုံးဝင်သည့်  အမိုင်နိုအက်ဆစ်များပါဝင်ပြီး ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဒန့်ဒလွန်ရွက်သည် အနာဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှဒဏ်ရာ များနှင့် အသေးစားဒဏ်ရာများကိုလည်း သက်သာစေနိုင်ပြီး အနာကျက်လည်း မြန်စေကြောင်း၊ နို့တိုက်မိခင် များအတွက်လည်း ဒန့်ဒလွန်ရွက်ကိုစားသုံး ပေးခြင်းဖြင့် နို့ထွက်အားကောင်းပြီး သံဓာတ်ကြွယ်ဝကြောင်း၊  အဆီများကိုလောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကိုကျစ်လျစ်ပြီး နှလုံးနှင့် ပါတ်သက်သော ရောဂါများကို လျော့ချပေးကြောင်း၊  ဒန့်ဒလွန်ရွက်သည် ဆီးချိုရောဂါကို ထိန်းချုပ် ပေး၍ သွေးတွင်းသကြား ဓာတ်ကိုလည်းလျော့ချပေးကြောင်း၊ ဗီတာမင်Cတို့ပါဝင်သော ကြောင့် အသားအရည်ကို ကြည်လင်ပြီး သွေးသားသန့်စင်၍ ဦးရေပြားသွေးလည်ပတ်မှုကို ကောင်းမွန်ပြီး ဆံပင်များကိုနက် မှောင်သန်စွမ်းကြောင်း၊ ဒန့်ဒလွန်ရွက်ကို စားသုံးပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့် အခြားအာရုံ ကြောဆိုင်ရာဝေဒနာများကို သက်သာစေနိုင် ကြောင်း၊ ဒန့်ဒလွန်ရွက်သည် အစာကြေလွယ်ပြီး အစာချေဖျတ်မှုကို ကောင်းမွန်ကြောင်း၊ သံဓာတ်ပြည့်ဝသောကြောင့် ကိုယ်ခံအားကောင်းစေပြီးအသည်းနှင့် အရိုးကျန်းမာသန်စွမ်းကြောင်း၊ ဆီးကျောက် တည်ခြင်းမှကာကွယ်၍၊ ကျောက်ကပ်ရောဂါမဖြစ်အောင် တားဆီးပေးကြောင်း၊ သွေးတိုးဝေဒနာရှင်များအနေဖြင့် ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးများကို ပုံမှန်စားသုံးခြင်း ဖြင့်သွေးတိုးရောဂါကို သက်သာစေနိုင်ကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)