မြန်မာနိုင်ငံတွင် ဆေးဖက်ဝင်အပင်ပေါင်းများစွာ ရှိလှပါသည်။ ထိုအထဲတွင် ပေါက်ပန်းဖြူပင် သည်လည်း မြန်မာ့ရိုးရာဆေးပညာတွင် အရေးပါသောဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။
ပေါက်ပန်းဖြူပင်ကို မြန်မာနိုင်ငံဒေသအများအပြားတွင်သဘာဝအလျောက်ပေါက်ရောက်ကြောင်း တွေ့ရှိရပါသည်။ပေါက်ပန်းဖြူပင်အား ဟင်းလျာအဖြစ်လည်း စိုက်ပျိုးကြသည်။ပေါက်ပန်းဖြူပင်သည် ပင်လတ်မျိုးဖြစ်၍ အကိုင်းအခက်များပြားပါသည်။အရွက်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်ရင်းနှင့် ရွက်ထိပ် ဝိုင်း ဖြစ်ပါသည်။ပန်းတစ်ခိုင်လျှင် အပွင့်နှစ်ပွင့်မှ လေးပွင့်အထိရှိပါသည်။ အပွင့်၏ အရောင်မှာ အဖြူနှင့်အနီ နှစ်မျိုးတွေ့ရှိရပါသည်။အသီးမှာ အတောင့်ရှည်ဖြစ်ပြီး အစေ့များစွာပါရှိပြီး အစေ့တွင် အတောင်ပံပါရှိပါသည်။ပေါက်ပန်းဖြူအခေါက်နှင့် အရွက်များကို ရေနွေးပြုတ်သောက်ပါက ကိုယ်အ ပူချိန် လျော့စေသည်ဟုသိရှိရပါသည်။ပန်းကိုခြောက်သွေ့အောင်လုပ်ပြီး ရေနွေးဖြင့် ဖျော်သောက်ပါ က အသက်ရှူလမ်းကြောင်းဆိုင်ရာ မအေးသက်သာမှုများကို သက်သာစေနိုင်ပြီး ချောင်းဆိုး၊ လည် ချောင်းနာရောဂါဝေဒနာများ ပျောက်ကင်းနိုင်ကြောင်း သိရှိရပါသည်။အခေါက်ကို အချိုးအစား မှန်ကန်စွာ ပြုတ်သောက်ပါက အစာချေစနစ်ကို ကူညီပေးနိုင်သည်။အရွက်ကို ချေ၍ အနာ၊ ယားယံ နေရာများတွင် လိမ်း၍ အသုံးပြုခြင်းဖြင့် အရေပြားရောဂါများအတွက် အသုံးဝင်ကြောင်း သိရှိရပါသည်။ အရွက်နှင့် အခေါက်တွင် ရောင်ရမ်းမှုလျော့စေသော အာနိသင်ရှိသည်ဟု ရိုးရာ အတွေ့အကြုံများအရ သိရှိရပါသည်။ပေါက် ပန်းဖြူပင်သည် မိန်းကလေးများအတွက် ပြုတ်၍သုပ်စားခြင်း သို့မဟုတ် တို့စားလျှင် ရာသီအဖြူ ဆင်းခြင်းကို သက်သာစေကြောင်း တွေ့ရှိရပါသည်။ ရိုးရာဆေးအဖြစ် အသုံးပြုရာတွင် အချိုးအစားမှန်ကန်မှုနှင့် ကိုယ်ခန္ဓာအခြေအနေ ကို ထည့်သွင်းစဉ်းစားရပါမည်။ပြင်းထန်သောရောဂါ များတွင် ဆရာဝန် သို့မဟုတ် ရိုးရာဆေးပညာရှင် နှင့် တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါကြောင်းသိရှိရပါ သည်။
ပေါက်ပန်းဖြူပွင့်ကို မြန်မာနိုင်ငံအနှံအပြားတွင် ပေါက်ရောက်ကြောင်းတွေ့ရှိရပြီး မြန်မာ နိုင်ငံရှိ မြို့များ၊ ရပ်ကွက်များ၊ ရွာများတွင် ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ တောင်ကြီးမြို့ မြို့မဈေး၊ စဝ်စံထွန်းဈေး၊ အမှတ်(၅)ဈေးတို့တွင် ခြင်းခွက်သေး (၁) ခွက်လျှင် ၁၀၀ဝိ/-(ကျပ်တစ် ထောင်တိတိ)နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းတွေ့ရှိပါသည်။
DOCA(ရှမ်း)
