Main menu

ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတတ်တဲ့ “ဇရာ” လက္ခဏာများအကြောင်း

Powered by Drupal
Tue, 02/10/2026 - 11:05 -- consumer_admin

    ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတတ်တဲ့ ‘ဇရာ’လက္ခဏာများနဲ့ ဖြစ်စဉ်များအနေဖြင့် လူအများစုက ‘အိုမင်းရင့်ရော်ခြင်း’ ဆိုတာ အရေးအကြောင်းတွေပေါ်တာ ဒါမှမဟုတ် ဆံပင်ဖြူတာလောက်ပဲလို့ ထင်တတ်ကြပါတယ်။ အိုမင်းခြင်းဟာ ဆဲလ်အဆင့်ကနေ စတင်တာဖြစ်ပြီး အသက် ၄၀ နောက်ပိုင်း မှာ သိသိသာသာ ပိုမိုမြန်ဆန်လာတတ်ပါတယ်။

     အိပ်ရေးဝပေမဲ့ လွယ်လွယ်နဲ့ပင်ပန်းနွမ်းနယ်တာ၊လူကပြန်မလန်းဆန်းတာ၊ အစားအသောက်တူတူပဲစားပေမဲ့ အဝလွယ်လာတာ၊ ဗိုက်ခေါက်ထွက်လာတာ။ ဦးနှောက်ပင်ပန်းတာ၊ မှတ်ဉာဏ် ခဏခဏချို့ယွင်းတာ၊ အာရုံစိုက်ဖို့ ခက်ခဲလာတာ။ နာတာရှည်ကိုက်ခဲတာ၊ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ လွယ်လွယ်ဖြစ်တာ။ သွေးတွင်းသကြားဓာတ်၊ အဆီဓာတ်နဲ့ သွေးတိုးနှုန်းတွေ စတင်ဖောက်ပြန်လာတာ။ စိတ်ဖိစီးလွယ်တာ၊ အိပ်မပျော်တာ ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ။ ဒါတွေအားလုံးဟာ ခန္ဓာကိုယ်ရဲ့ ‘အိုမင်းခြင်းဖြစ်စဉ်’(Biological Aging)ကြောင့် ဖြစ်တာပါ။ Growth Hormone, Melatonin နဲ့ အမျိုးသား/အမျိုးသမီးဟော်မုန်း (Estrogen/Testosterone)တွေ တဖြည်းဖြည်းလျော့နည်းလာပါတယ်။

      ​ဒါဟာ အိပ်စက်ခြင်း၊ အစာခြေဖျက်ခြင်း၊ စိတ်ခံစားချက်နဲ့ ကြွက်သားထုထည်တို့အပေါ် သက်ရောက်မှုရှိစေပါတယ်။ ခန္ဓာကိုယ်တွင်း နာတာရှည် အနည်းငယ်စီ ရောင်ရမ်းနေခြင်း ရုတ်တရက် ပြင်းပြင်းထန်ထန် ဖျားနာတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်း စုဆောင်းလာတဲ့ ရောင်ရမ်းမှုတွေပါ။ ဒါဟာ ဆီးချို၊ နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမား(ဦးနှောက်)ရောဂါတွေနဲ့ ဆက်စပ် နေပါတယ်။  ဆဲလ်များ ပြန်လည်ပြုပြင်မှုစနစ် နှေးကွေးလာခြင်းဆဲလ်ဟောင်းတွေကို ဖယ်ရှားတဲ့ စနစ်(Autophagy)အလုပ်လုပ်တာ လျော့နည်းလာပါတယ်။ ​အညစ်အကြေးတွေ စုပုံလာပြီး ဆဲလ်တွေ အိုမင်းပျက်စီးမှုကို မြန်ဆန်စေပါတယ်။ အင်ဆူလင်ခုခံမှု(Insulin Resistance) ပိုများလာခြင်း ​သွေးတွင်းသကြားဓာတ် တက်လွယ်လာပြီး ဗိုက်မှာ အဆီစုတာ မြန်လာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပါ။ ဟော်မုန်းစနစ်နဲ့ ကိုက်ညီအောင် စားသောက်ပါ။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျှော့ချပါ။ အိုမင်းခြင်းကို နှေးကွေးအောင် လုပ်လို့ရပါတယ်။

DOCA(မန္တလေး)