
နည်းပညာတိုးတက်လာခြင်းနှင့်အမျှ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများသည် ရိုးရာ စျေးကွက်စနစ်မှ ဒစ်ဂျစ်တယ်စနစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ အထူးသဖြင့် Digital Marketing Online Shop များသည် လက်ရှိကာလတွင် စီးပွား ရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာနေပြီဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲမှ Digital Marketing Online Shop များသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် စားသုံးသူများထံ ထိရောက်စွာ ရောက်ရှိစေရန် အရေးပါသော စီးပွားရေးတစ်ခုအဖြစ် လုပ်ဆောင်လာကြသည်။
Digital Marketing Online Shop ( ဒစ်ဂျယ်တယ်မားကတ်တင်း အွန်လိုင်း စီးပွားရေး) ဆိုသည်မှာ အင်တာနက်နှင့် Digital Platform များကို အသုံးပြု၍ ကုန်ပစ္စည်းများကို ကြော်ငြာရောင်းချသည့် စီးပွားရေးလုပ်ငန်းပုံစံ တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Smartphone အသုံးပြုသူများ၊ Social Media အသုံးပြုသူများ တိုးပွား လာခြင်းကြောင့် Online Shop များလည်း အလွန်မြန်ဆန်စွာ ဖွံ့ဖြိုးလာခဲ့သည်။ Facebook, Instagram, TikTok, Website နှင့် Online Marketplace များကို အသုံးပြု၍ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကြော်ငြာရောင်းချ သည့်စနစ်စီးပွားရေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနည်းပါးစွာဖြင့် စျေးကွက်ချဲ့ထွင်နိုင်လာ ကြသည်။ ထိုသို့ဖြစ် လာခြင်းသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် အထူးအရေးပါသော အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူများ တိုးလာခြင်းကြောင့် Online Shop များ လည်း အလွန်မြန်ဆန်စွာ တိုးတက်လာသည်ကို တွေ့ရသည်။ Digital Marketing ၏ အဓိက အားသာချက်တစ်ခုမှာ ကုန်ကျစရိတ်နည်းပြီး ပစ်မှတ်ထားသော စားသုံးသူ အုပ်စုကို တိကျစွာ ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် Facebook Ads သို့မဟုတ် TikTok Ads များကို အသုံး ပြုခြင်းဖြင့် အသက်အရွယ်၊ နေရာဒေသ၊ စိတ်ဝင်စားမှုအလိုက် စားသုံးသူများကို ရည်ရွယ်၍ ကြော်ငြာနိုင်သည်။ ထိုကဲ့သို့သော စနစ်သည်ရိုးရာ ကြော်ငြာနည်းလမ်းများထက် ထိရောက်မှုမြင့်မားသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ Digital Marketing Online Shop များသည် အမျိုးမျိုးသော ကုန်ပစ္စည်း အမျိုးအစား များကို ရောင်းချလျက်ရှိသည်။ အထူးသဖြင့် အဝတ်အထည်၊ အလှကုန် ပစ္စည်းများ၊ အစားအသောက်၊ အိမ်သုံးပစ္စည်းများနှင့် နည်းပညာ ဆိုင်ရာပစ္စည်းများသည် အွန်လိုင်းမှ တစ်ဆင့် အရောင်းအဝယ်များစွာ ဖြစ်ပေါ်လျက်ရှိသည်။
Social Media Platform များအနက် Facebook သည် အဓိက အရောင်း အဝယ်စျေးကွက်အဖြစ် အသုံးများနေပြီး TikTok သည် Live Selling နှင့် Video Content များမှတစ်ဆင့် အရောင်းမြှင့်တင်နိုင်သော Platform တစ်ခုအဖြစ် မြန်မာနိုင်ငံတွင် လူကြိုက် များလာသည်။ ထို့အပြင် Delivery Service များ ဖွံ့ဖြိုးလာခြင်းကြောင့် Online Shop များ၏ လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူလာသည်။
ယနေ့ခေတ်တွင် အင်တာနက် အသုံးပြုသည့် e-Commerce များ ကမ္ဘာ လွှမ်းခြုံ လာခြင်း၊ အရှိန်အဟုန်ဖြင့် ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် စားသုံးသူ ကာကွယ်ရေးတွင် စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး စားသုံးသူအခွင့် အရေးချိုး ဖောက်မှုများလည်း ဖြစ်ပေါ် လာကြောင်းတွေ့နေရသည်။ ထင်ယောင် ထင်မှား ဖြစ်စေသော ကြော်ငြာများ၊ အရည်အသွေး မပြည့်သော ထုတ်ကုန်များ၊ ကုန်ပစ္စည်းအတုပေးပို့မှု ၊ အန္တရာယ်ရှိသော ထုတ်ကုန်များ၊ ငွေပေး ချေမှု ပြဿနာများ၊ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ ပြဿနာများ၊ တစ်ဖက်သက်စာချုပ်များ စသည်တို့ကို ကြုံတွေ့ရ လျက်ရှိသည်။ နည်းပညာများကို အလွဲသုံး စားပြုလုပ်၍ ကုန်ပစ္စည်းများ အတု အပပြု လုပ်ကာစားသုံးရန် မသင့်သည့် ပစ္စည်းများကို ရောင်းချခြင်း၊ အွန်လိုင်း ငွေကြေး လိမ်လည်မှုများစသည့် ဖြစ်စဉ်များကို ကာကွယ်နိုင်ရန် အွန်လိုင်းစားသုံးသူ ကာကွယ် ရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း မှတ်ပုံတင်ခြင်းကို ကုန်သွယ်ရေး ဦးစီးဌာန က စိစစ်မှတ်ပုံတင်ပေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းတို့ကို ထိန်း ကျောင်းဆောင်ရွက်လျက်ရှိသည်။ ယုံကြည်စိတ်ချရသော အွန်လိုင်းရောင်းဝယ်မှုစနစ် ဖြစ်ပေါ် လာစေရန် ကျင့်ဝတ်နှင့်မညီသော စီးပွားရေး လုပ်ငန်း အလေ့အထများ အား တာဝန်ယူမှု၊ တာဝန် ခံမှုရှိလာစေရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းမဟုတ်သော အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက ကဏ္ဍစုံမှ တာဝန်ရှိသူများအကြား ပူးပေါင်း ဆောင်ရွက်ခြင်း သည် လည်း အရေးကြီးသည့် လုပ်ငန်း စဉ် တစ်ခုပင်ဖြစ်သည်။
အချုပ်အားဖြင့် မြန်မာနိုင်ငံ၏ Digital Marketing Online Shop ဒစ်ဂျယ်တယ် မားကတ် တင်း အွန်လိုင်းစီးပွားရေးများသည် လက်ရှိနှင့် အနာဂတ် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပြီး နည်းပညာ တိုးတက် လာသည်နှင့်အမျှ ပိုမိုတိုးတက် လာနိုင်မည်ဟု မျှော်လင့်ရပါသည်။ စီးပွားရေး လုပ်ငန်းရှင် များအတွက်သာမက စားသုံးသူနိုင်ငံ သားများ၏ နေ့စဉ်ဘဝကိုပါ အပြုသဘောဖြင့် ပြောင်းလဲပေးနိုင်သော အရေးပါသည့် စီးပွားရေး ကဏ္ဍတစ်ရပ်ဖြစ်လာလျက်ရှိသည်။ အွန်လိုင်းစျေးဝယ်မှုစနစ်ကြောင့် စားသုံးသူများသည် အချိန် နှင့် အလုပ်အပေါ်ဖိအားများကို လျော့ချနိုင်ပြီး နေရာမရွေး အချိန်မရွေး မိမိလိုအပ်သော ကုန် ပစ္စည်းများကို လွယ်ကူ စွာ ရွေးချယ်ဝယ်ယူနိုင်လာသည်။
ထို့အပြင် Digital Marketing Online Shop ဒစ်ဂျယ်တယ်မားကတ်တင်း အွန်လိုင်း စီးပွားရေး များမှတစ်ဆင့် စျေးနှုန်း နှိုင်းယှဉ်နိုင်ခြင်း၊ ကုန်ပစ္စည်း အမျိုးအစား စုံလင်စွာ ရွေးချယ် နိုင်ခြင်းနှင့် သတင်းအချက်အလက်များကို ကြိုတင်သိရှိနိုင်ခြင်းတို့ကြောင့် စားသုံးသူ အခွင့် အရေးများ တိုးတက်စေပြီး စျေးကွက်အတွင်း တရားမျှတမှုကိုလည်း အထောက်အကူပြု စေ သည်။
အနာဂတ်တွင် Digital Marketing Online Shop ဒစ်ဂျယ်တယ်မားကတ်တင်း အွန်လိုင်း စီးပွားရေးများ ပိုမိုဖွံ့ဖြိုးလာခြင်းဖြင့် စားသုံးသူနိုင်ငံသားများသည် ပိုမိုမြန်ဆန် သော ဝန် ဆောင်မှု များ၊ ယုံကြည်စိတ်ချရသော ငွေပေးချေမှုစနစ်များနှင့် အရည် အသွေးမြင့် ကုန်ပစ္စည်း များကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် Digital Marketing Online Shop များသည် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အားပေးထောက်ခံ သည့်အပြင် စားသုံးသူနိုင်ငံသားများ၏ ဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်သော အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပိုမိုတိုးတက် အောင်မြင်လာနိုင်မည်ဖြစ်သည်။
DOCA (ရန်ကုန်)
