Main menu

ရဲယိုပင်နှင့်ရဲယိုသီး ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Fri, 01/23/2026 - 16:09 -- consumer_admin

     အစားအစာတိုင်းသည် အာဟာရဖြစ်ရုံတင်မကဘဲ ခန္ဓာကိုယ်အတွက်ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။ ရဲယိုရွက်သည်လည်းကျန်းမာရေးအတွက်အထောက်အကူပြုသော အစားအစာတစ်မျိုးဖြစ်ပြီး ဟင်းထုတ်လုပ်စားခြင်း၊ ငါးနှင့်ရော၍ စင်းကောချက်စားခြင်းများပြုလုပ် စားသုံးနိုင်ခြင်း၊ ရဲယိုရွက်ကို ရေနွေးဖျော၍ အတို့အမြှပ်ပြုလုပ်စားသောက်ခြင်း၊ ရဲယိုသီးကိုဖျော်ရည် အဖြစ်လည်းသောက်သုံးနိုင်ပါသည်။ ရဲယိုပင်သည်တစ်ပင်လုံး နီးပါးဆေးဖက်ဝင်သောအပင် တစ်မျိုးဖြစ်ပါသည်။ ရဲယိုသီးနှင့်ရဲယိုရွက်သည် သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျော်သော ဓာတ်စာတစ်ခုဖြစ်ပြီး အရေပြားရောဂါများအတွက်လည်းဆေး ကောင်းတစ်လက်ဖြစ်ပါသည်။ ရဲယိုရွက်၊ ရဲယိုသီးတို့တွင် ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သွေးတိုးကျစေနိုင်သည့် ပိုတက်ဆီယမ်ဓာတ်များ ပါဝင်ပါသည်။ ကင်ဆာနှင့်နှလုံးရောဂါကိုကာ ကွယ်ပေးသော ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်းပါဝင် နေသောကြောင့် အစာလည်း ဆေး ဆေးလည်းအစာ ဟုဆိုလို့ရနိုင်သော အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။ ရဲယိုပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်ခဲပျောက်ပင် ဟုတင်စားခေါ်ဝေါ်နိုင်သလို လေးဖက်နာရောဂါနှင့် အခြားအဆစ်အမြစ် နာကျင်ကိုက်ခဲသောရောဂါများကိုလည်း သက်သာစေနိုင်ပါသည်။ ဘက်တီးရီး ယားအန္တရာယ်မှ ကာကွယ်ပေးနိုင်သလို တုပ်ကွေးကဲ့သို့သောကူးစက် ရောဂါများမှလည်းကာကွယ် ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း အထောက်အကူပြုပါသည်။ ရဲယိုရွက်၊ ရဲယိုသီးများကိုစားသုံးပေးခြင်းဖြင့် အိပ်ပျော်စေခြင်း၊ အရေပြားနှင့်ဆံသား ကိုကျန်းမာစေနိုင်ခြင်း၊ ခြေသည်း၊ လက်သည်းများကိုလည်း ကျန်းမာစေနိုင်ခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ သွေးတွင်း ကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ ဝမ်းမှန်စေနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း လေ့လာဖတ်ရှု၍ ရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)