
ဇီယာပင်သည် မြန်မာနိုင်ငံနေရာအနှံအပြား၌ စိုက်ပျိုးရလွယ်ကူသောအပင်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို သက်သာပျောက်ကင်းကြောင်းသိရှိရတယ်။ ချောင်းတွေဆိုး၊ လည် ချောင်းတွေနာ၊ နှာခေါင်းပိတ်တာတွေကို သက်သာစေပြီး သဘာဝကပေးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ အသုံးပြုပုံမှာအအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေး နှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေ မယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှား ပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း တလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှား ပေးနိုင်ပြီး ကိုယ်ခံအား ကိုလည်း ကောင်းစေနိုင်ပါတယ်။
အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ ရပါတယ်။ ဇီယာရွက်က ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းကအဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။ စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေ ဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက်ကိုစိမ်ပြီး သောက်ပေး လို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေကြောင်း အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများ ကိုသက်သာစေသော ဇီယာရွက်၏ဆေးဖက်ဝင်ပုံကို လေ့လာသိရှိသမျှ ရေသားလိုက် ပါသည်။
DOCA(မန္တလေး)
