
ရာသီစာပန်းဂေါ်ဖီစိမ်းကို စားသုံးခြင်းဖြင့်သည် အာဟာရဓါတ်များကြွယ်ဝပြီး ကယ်လိုရီနည်း ပါး၍ အမျှင်ဓါတ်များစွာပါဝင်သော ဗီတာမင်နဲ့ သတ္တုဓါတ်များစွာပါဝင်ပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဖောလိတ်အက်ဆစ်နှင့် ပိုတက်စီယမ်တို့ပါဝင်သောကြောင့် ကိုယ်ခံအားကို ကောင်း စေ ပြီး၊ အရိုးနှင့် သွေးကျန်းမာရေး၊ ဆဲလ်ကြီးထွားမှုကောင်းသလိုနှလုံးနှင့် ကြွက်သား လုပ်ဆောင် ချက်များ ကိုလည်း အကျိုးပြုစေပါတယ်။ အစာခြေစနစ်ကိုအားကောင်းစေပြီး နှလုံးကျန်းမာရေး အတွက် သွေးတွင်း သကြားဓါတ် ထိန်းချူပ်မှုကို ကူညီပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးပါတယ်။ အမျှင်ဓါတ်မြင့်မားစွာပါဝင်သဖြင့် အူလမ်းကြောင်းရှိ အကျိူးပြုဘက်တီးရီး ယားများကို ထောက်ပံ့ ပေးကာ ဝမ်းချူပ် ခြင်းကို ကာကွယ်ပေးတယ်။ ဆဲလ်များပျက်စီးမှုမှ ကာကွယ်ပေးပြီး နှလုံးရောဂါနှင့် အချို့သော ကင်ဆာများကဲ့သို့သော ရောင်ရမ်းမှုနဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့ချပေး ပါတယ်။ ကိုယ်အလေးချိန်နှင့် သွေးတွင်းသကြားအတွက် အထောက်အကူပြုပါတယ်။ ပန်းဂေါ်ဖီစိမ်း ဟာ ဗိုက်ပြည့်စေပေမယ့် ကယ်လိုရီ နည်းတာကြောင့် ကိုယ်အလေးချိန်လျော့ချဖို့နဲ့ ဆီးချိူရောဂါ အတွက် အထူးကောင်းမွန်ပါတယ်။ ပန်းဂေါ်ဖီစိမ်းသည် ကင်ဆာရောဂါကို သက်သာစေပါတယ်။ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်နိုင်မှု ကိုလျော့ချပေးနိုင်ကြောင်း လေ့လာသိရှိသမျှ ရေးသား လိုက်ပါတယ်။
DOCA(မန္တလေး)
