Main menu

မြန်မာ့ရိုးရာ အစားအစာ ခေါပြင် (ခေါ်)ကောက်ညှင်းထောင်းမုန့်

Powered by Drupal
Wed, 01/14/2026 - 11:37 -- consumer_admin

    မြန်မာ့ရိုးရာ အစားအစာ ခေါပြင် (ခေါ်)ကောက်ညှင်းမုန့်ကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် တာပွန်လမ်း၊ ၂၂လမ်း၊ ၂၃လမ်း၊ ၂၄လမ်း တို့တွင် မိသားစုတပိုင်တနိုင် စီးပွားရေးလုပ်ငန်း အဖြစ်လုပ်ကိုင်ကြပါသည်။ မြန်မာ့ရိုးရာအစားအစာ မုန့်အမျိုးမျိုး ရှိသည့်အနက် ခေါပြင် (ခေါ်) ကောက်ညှင်းထောင်းသည် မြေပဲလှော်၊ နှမ်းထောင်း၊ ဘိုကိတ်ပဲပြုတ်တို့နှင့် ရောပြီး စားရသော မုန်တစ်မျိုး ဖြစ်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ ခေါပြင် (ခေါ်) ကောက်ညှင်းထောင်း မုန့်ကို ကောက်ညှင်းဆန်မှ ပြုလုပ်ကြပါသည်။ ရှေးဦးစွာ ကောက်ညှင်းဆန်ကို တစ်ညရေစိမ်ရပြီး ပေါင်းခံ အိုးတွင် ထည့်ပြီးပေါင်းရပါသည်။ အငွေ့လှိုင်လှိုင်ထွက်ပြီး ကောက်ညှင်းစေ့များ နူးနပ်ပါက ပူနေသောအချိန် တွင် မောင်းစုံထဲထည့်ပြီး မောင်းတံနှင့် ကြေညက်အောင်ထုထောင်းရပါသည်။ စီးပိုင်လာပါက ဗန်းထဲထည့် ပြီးဖြန့်ခင်းရပါသည်။ ဖြန့်ခင်းထားသော ကောက်ညှင်းထောင်းမုန့်များကို ကပ်ကျေးဖြင့် အတုံးကလေးညှပ်၍  ဆီ၊ မြေပဲမညက်တညက်ထောင်း၊ နှမ်းဆားလှော်ထောင်း ၊ ဘိုကိတ်ပဲပြုတ်တို့နှင့် ရောစားရသော မုန့်တစ်မျိုးဖြစ်ပါသည်။

       ခေါပြင်မုန့်ကို နံနက်စာအဖြစ် အဆာပြေစားသုံးကြသလို သရေစာအဖြစ် ရေနွေးကြမ်းနှင့် စားသုံးကြပါသည်။ ယခု ဒီဇင်ဘာလ တတိယပတ်တွင် ခေါပြင်မုန့်ကို ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်း  တစ်ဆယ်ကျပ်သား လျှင် (၁၃၀၀-ကျပ်)နှုန်း ဖြင့်ရောင်းချလျှက်ရှိပြီး တစ်ရက်လျှင် (၁၅)ပိသာမှ (၂၀)ပိသာခန့် ရောင်းချရကြောင်း တဆင့် ပြန်လည်ရောင်းချ လိုသူများကိုလည်း ဖောက်သည်ပေးရကြောင်း၊ အလှူဒါနပြုလုပ်သူများမှလည်း မှာယူမှုများရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ခေါပြင်ပြုလုပ် ရောင်းချနေသူများ  ထံမှသိရပါသည်။


DOCA(ပဲခူး)