Main menu

မြင်းခြံမြို့၏သပြေပင်စိုက်ပျိုးခြင်းအကြောင်း

Powered by Drupal
Fri, 01/09/2026 - 10:00 -- consumer_admin

    သပြေပင်စိုက်ပျိုးချိန်

     သပြေပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး  သပြေပင်ကို ရာသီမရွေး စိုက်ပျိုးနိုင်ပါတယ်။ ရေကြိုက်သည့် အပင်အမျိုးအစားဖြစ်၍ သပြေပင်စိုက်ပျိုးပါက ရေရရှိတဲ့ အရပ်ဒေသ၊ ရေသွယ် ယူလို့ လွယ်ကူတဲ့ နေရာမျိုးမှာ စိုက်ပျိုးရပါမယ်။

   မြေအမျိုးအစားရွေးချယ်ခြင်း  

     စိုက်ပျိုးသည့်မြေသည် မြေချဉ်ငံ မြေအမျိုးအစားဖြစ်ပါက သပြေစိုက်ပျိုးရန် အကောင်းဆုံးမြေ အနေအထားဖြစ်ပါသည်။ သပြေမျိုးကို စီးပွားဖြစ်စိုက်ပျိုးပါက ပင်ရေစိပ်စိပ်နှင့် စိုက်ပျိုးကြပါ သည်။ တန်းကြားကို လူ၀င်ထွက်လို့ရအောင်၊ သပြေညွှန့်ခူးလို့လွယ်အောင်(၃)ပေခန့် ထားပေး ရပါမည်။ ပင်ကြားကိုတော့ (၂၀)လက်မလောက် ထားကြပါသည်။ သပြေငုတ်မျိုးကိုလည်း အပင်ရေ ကို ခပ်စိပ်စိပ်ပဲ ထား၍စိုက်ပျိုးရပါမည်။ သပြေပျိုးပင်များကိုတော့အသင့်ပျိုးပြီးပျိုးပင်များ ဝယ်ယူ စိုက်ပျိုးနိုင်ပါသည်။ သပြေပင်များ အပင်ဖြစ်ထွန်းစေရန်နှင့် အရွက်များ သန်မာလှပစေရန် မြေသြဇာ ကျွေးပေးရပါသည်။ ပိုးကျပါက သပြေပင်များ၏အပင်ခြေ၌ အစိုဓာတ်ရှိနေချိန်တွင် ကြဲပက်ပေးရပါမည်။ 

သပြေပင်များရေသွင်းပေးခြင်း

     သပြေပင်ကိုစီးပွားဖြစ် စိုက်ပျိုးပါက မနက် တစ်ရေ၊ ညနေ တစ်ရေ နှုန်းနှင့် တစ်နေ့ကို ရေ(၂)ကြိမ် ပေးသင့်ပါသည်။ သပြေပင်သည် အမြစ်ရှည်သည့်အပင်မျိုးဖြစ်ပြီး ရေကြိုက်သည့်အပင်ဖြစ်ပါသည်။

သပြေပင်များငုတ်တူးခြင်းနှင့် ရောင်းချခြင်း

      သပြေငုတ်များကိုစိုက်ပျိုးပြီး (၃-၅)နှစ်အကြာမှာ ငုတ်တူးပြီး စျေးကွက်ပို့ နိုင်ပါသည်။ တာရှည် ခံတာကို ကြိုက်နှစ်သက်သူများက သပြေငုတ်ကို အဝယ်များကြပါသည်။ အာဆီယံသပြေ ကိုတော့ ပြုစုမှုကောင်းရင်ကောင်းသလို (၈)လကနေ တစ်နှစ်ခွဲကာလမှာ စျေးကွက် တင်ပို့နိုင်ပါသည်။ နောက်ပိုင်းမှာတော့ (၁၅)ရက်တစ်ခါ ဖြတ်ရောင်းနိုင်ပါသည်။ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မြန်မာ လူမျိုးများ ကြိုက်နှစ်သက်သည့် သပြေပင်စိုက်ပျိုးခြင်းအကြောင်း လေ့လာသိရှိသမျှတင်ပြလိုက်ပါတယ်။

DOCA(မန္တလေး)