Main menu

ဂွေးတောက်ပင် စိုက်ပျိုးနည်းအကြောင်း

Powered by Drupal
Wed, 12/31/2025 - 14:44 -- consumer_admin

        ဂွေးတောက်ပင်များသည် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ စိုက်ပျိုးလို့ရနိုင်ကြောင်း၊ သဲဆန်တဲ့မြေဆိုရင်တော့ ပိုမိုဖြစ်ထွန်းပြီး၊ ဂွေးတောက်စိုက်ပျိုးရာတွင် အစေ့မှပျိူးယူခြင်းနှင့် ကိုင်းဖြတ်ပျိူးယူခြင်းဟူ၍ နည်းနှစ်နည်းဖြင့်ပျိူးထောင်ယူ၍ စိုက်ပျိူးနိုင်ပါသည် ။

        အစေ့မှပျိူးယူရာတွင် ပျိူးစေ့များကို ရေတစ်နာရီခန့် စိမ်ထားပါ။ သဲ(သို့မဟုတ်) စက်ဖွဲပြာ ကိုအရိပ်ကျသည့် နေရာတွင်ဘောင်လုပ် ရေဝအောင်လောင်းထားပြီး ရေစိမ်ထားသည့် ဂွေးတောက် မျိူးစေ့ကို ပါးပါးဖြူးပေးပါ။ ယင်းပျိုးဘောင် လေလုံအောင် ပလပ်စတစ်အကြည်စဖြင့် ဖုံးအုပ်ထားပေးပါ။ ၃ရက်ခန့်အကြာတွင် အညှောင့်လေးများပေါက်လာပါမည်။ အညှောင့်ပေါက်လာသည့် ဂွေးတောက်မျိူးစေ့များကိုအသင့်ပြုလုပ်ထားသည့် ပျိူးအိတ်ထဲသို့ ပြောင်းရွှေ့ပေးပါ။ အစေ့ကိုအိတ်အပေါ်ယံတွင် အသာချပြီးစက်ဖွဲပြာမရှိပါက မြေသို့သဲဖြင့်ဖုံးယုံသာ ဖုံးထားပေးပါ။ ဂွေးတောက်မျိူး အညှောင့်ပေါက်ခါစကို ပျိူးအိတ်ထဲမထည့်ခင် ရေကြိုတင်လောင်းထားပေး ရပါမည်။ ပြီးမှအပေါ်ယံမြေဖွဲပြာစိုယုံလေးရေဖြန်း ကရိယာဆေးဖြန်းပုံး တို့ဖြင့်ဖြန်းပေးပြီး အရိပ်အောက်တွင် ထားပေးပါ။ နေ့စဉ်မြေအစိုအခြောက်ကို ကြည့်ပြီးဆေးဖြန်းပုံးဖြင့် ရေမှုန်လေး ဖြန်းပေးပါ။ အရိပ်ထဲ ၃ရက်ခန့်ထားပါက အပင်လေးများပေါက်လာပါမည်။ အရွက်နှစ်ရွက်ခန့် ထွက်လာပါက နေရောင် အောက်သို့ပြောင်းရွှေ့ပေးပါ။ အပင်အရွက် ၄ ရွက်မှ ၅ ရွက်ခန့်ထွက် လာပါက အသင့် ပြုလုပ်ထားသော စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိူးနိုင်ပါသည်။

            ကိုင်းဖြတ်ပျိူးယူစိုက်ပျိူးခြင်း ဂွေးတောက်ကိုင်းအဆစ်တဆစ်လျင် တပင်ပျိုးယူနိုင် ပါ သည်။ အဆစ်မှ အောက်သို့၅လက်မခန့်အဆစ်တိုင်းဖြတ်ယူစုဆောင်းပါ။ ၎င်းအဆစ်တခုစီပါသော ဂွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ပျိုးအိတ်များကို ရေဝအောင်လောင်းပြီး ပျိူးအိပ်အလယ်တွင်ထမင်းစားသည့်တူချောင်းဖြင့် မြေကြီးကိုထိုးချကာ အပေါက်ဖြစ်အောင်လုပ်ပြီး ဂွေးတောက်ကိုင်းကိုအဆစ်ပါသည့်ဘက်ကို ၁ လက်မခန့် ဖော်ထားပြီး အရင်းဘက်ကို တူချောင်း ဖြင့်အပေါက်ဖော်ထားသည့်နေရာတွင်ထိုးထည့်ကာ မြေကကြပ်နေအောင် ဖိထားပေးပါ။

            ဂွေးတောက်ပျိူးကိုင်းထည့်ပြီး သည့်ပျိူးအိပ်ကိုအရိပ်အောက်တွင် ထားပေးပါ။ နေ့စဉ်မြေ အခြောက် အစိုကို ကြည့်၍ဆေးဖြန်းပုံးဖြင့်ရေလိုသလောက်ဖြန်းပေးပါ။ အပင်အရွက် သန်မာပြီး ရောဂါကင်း စေရန် တောင်သူ့လက်ရုံး အပင်အရွက်အားဆေးကို ထည့်ဖျန်းပေးနိုင်သည်။  ၁၀ရက်ခန့်အကြာတွင် ရွက်သစ်များထွက်လာပါမည်။ အမြစ်များကတလခန့်မှထွက်လာမည်ဖြစ်၍ ၄၅ရက်ကျော်မှ မြေချစိုက်သင့်ပါသည်။ မြေချစိုက်ပျိူးရာတွင် ပင်ခြား၂ပေ တန်းခြား၄ပေ ခန့် စိုက်ပျိူးသင့်ပါသည်။ အပင်ကို တအားမကြီးစေဘဲ ၄ ပေအောက်ထားရှိကာ ခြုံဝိုင်း သဖွယ် ဖြစ်အောင်စိုက်ပျိူးယူပါကခူးယူရလွယ်ကူပြုစုရလွယ်ကူမည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး တစ်လသား အရွယ်မှာတော့ နွးချေး ကြက်ချေးစသည့် မြေသြဇာတွေကို ကြွေးပေးရကြောင်း၊ သုံးလသား အရွယ် မှာတော့ အညွှန့်များကိုစတင် ခူးဆွတ်နိုင်ပြီး၊ ၃ ရက် တစ်ကြိမ် ခူးဆွတ်ဖြင့် ဝင်ငွေရလွယ်သော ဂွေးတောက်ပင် ပျိုးပင်များ ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပေသည်။

DOCA(မန္တလေး)