
ရွက်ကျပင်ပေါက်သည် မြန်မာပြည်အနှံ့အပြားမှာပေါက်ရောက်ကြသည်။ ရွက်ကျပင်သည် ထိခိုက်၊ ရှနာ၊ သွေးထွက်၊ မီးလောင်စသည့် ဒဏ်ရာတွေအတွက် အလွန်ပင် အသုံးဝင် သောဆေးဖက် ဝင် အပင်တစ်မျိုးဖြစ်သည်။ ထိခိုက်ရှနာနှင့်သွေးစိမ်းထွက်သော အနာများအတွက် ရွက်ကျပင်ရွက်ကို မီးကင်၍ကပ်ပေးပါက အနာကျက်လွယ်စေခြင်း၊ အနာစက်၊ အနာ မီးလျှံ၊မွေးကျွတ်နာများအတွက် အရွက်ကိုကြိတ်ညှစ်၍ရသောအရည် ကိုလိမ်းပေးခြင်း၊ ရောင်ရမ်းနေသော ဒဏ်ရာများအတွက် ရွက်ကျ ပင်ရွက်ကို မီးကင်၍ဒဏ်ရာပေါ်ကိုကပ်ပေးပါက သက်သာပျောက်ကင်းစေခြင်း၊ ဆီးပူ၊ ဆီးချုပ် သွေးမြင်းသရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများအတွက်ရွက်ကျပင် ၂ရွက်ကို ငရုတ်ကောင်း အနည်းငယ်ထည့်၍ညက်စွာကြိတ်ပြီး သောက်ပေးပါက သက်သာစေခြင်း၊ ကာလဝမ်းရောဂါအတွက် အရွက်ကိုကြိတ်၍ရသော အရည်ကိုသောက်ပေးပါက ပျောက်ကင်းစေခြင်း၊ အဆစ်လွဲ၊ အကြောထုံး ခြင်းနှင့် မီးလောင်သော အနာများအတွက် အရွက်ရည်ကိုလိမ်းပေးပါက သက်သာပျောက်ကင်းစေခြင်း၊ အပူအားကြီး၍ဖြစ်သော မျက်လုံးပူခြင်း၊ ယားခြင်း၊ ကျိန်ခြင်း၊ ရောင်ရမ်းခြင်းအတွက်အရွက်ကို ညက် စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သော မျက်စိနာအတွက် အရွက်ကိုကြိတ်ပြီးသားတွင် နနွင်း စစ်အနည်းငယ်ထည့်ကာခပ်နွေးနွေးပြု၍လည်းကောင်း အုံပေးပါက မျက်စိနာပျောက်ကင်းစေနိုင်ခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်ကြောင်း ဆေးပညာစာပေများမှ လေ့လာ သိရှိရပါသည်။
DOCA(မန္တလေး)
