Main menu

ပြာသိုလ၏ခွာညိုပန်းဆေးဖက်ဝင်ပုံ

Powered by Drupal
Mon, 12/29/2025 - 12:00 -- consumer_admin

    ပြာသိုလ၏ ပန်းသည် ခွာညိုပန်းဖြစ်ပြီး အေးမြသော ဆောင်းရာသီမှာ တစ်ပင်လုံးဖွေး နေအောင်ပွင့်ကြသည်။ ခွာညိုပန်းသည် သဇင်လောက် တန်ဖိုးမမြင့်မားသော်လည်း လူတိုင်း နှစ်သက်လှသည့် ပန်းဖြစ်ပြီး ရာသီမသိပန်းနှင့် ညှိဆိုသောစကားအရ ပြာသိုလမှာ "ခွာညိုပန်း" များပွင့်ကြသည်။ ခွာညိုပန်းတွင် ခွာနီ၊ခွာဖြူနှင့် ခွာညိုဟူ၍ အမျိုးမျိုးရှိကြသည်။ နှစ်ရှည်ခံ အပင်ဖြစ်သော ခွာညိုပင်သည် နွယ်ပင်များအနက် နှစ်သက်ဖွယ်ကောင်းသော အပင်ဖြစ်ပြီး ခြံစည်းရိုး၊ သစ်ပင်နှင့် အုတ်နံရံတို့ကိုနွယ်ပတ်၍ ပေါက်တက်သည်။ မြန်မာပြည်တွင် စိုက်ပျိုး လေ့ရှိသော ခွာညိုပန်းမှာ အဖြူမျိုးကို အများဆုံးစိုက်ပျိုးကြသည်။ ခွာညိုပန်းသည် ဆေးဖက်ဝင်ပြီး  အကျိတ်အဖု၊ အဖျား၊ အော့အန်ခြင်း၊ အဆစ်အမြစ်နာကျင် ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေသလုံး၊ သွေးကြောထုံးခြင်း၊ အရေပြားဖက်ခွက်နာအမျိုးမျိုး၊ ဂေါက်ရောဂါ၊ အရိုးကျိုးခြင်း၊ အရေပြားရောင် ရမ်းနာများနှင့် ခြေထောက်ဖောရောင်ခြင်း၊ အရေပြားထိခိုက်ရှနာ များ၊ ရေယုန်ရောဂါနှင့် နှလုံး ရောဂါများ ကုသရန်အတွက် တိုင်းရင်းဆေးဖော်စပ်ရာ၌ အသုံးပြုကြသလို ခွာညိုစေ့များကို မီးယပ်နှင့် ဒူလာရောဂါများအတွက် မြန်မာဆေးဖော်စပ်ရာ တွင်လည်း အသုံးပြုလေ့ရှိကြသည်။ မွှေးကြိုင်သင်းပျံ့ဆေးဖက်ဝင်သော ခွာညိုပန်းများသည် မြန်မာ့ဆယ်နှစ်လရာသီဖြစ်သော ဆယ်လမြောက်ပြာသိုလ၏ ပန်းဖြစ်ပြီး ဆေးဖက်ဝင်ပုံကို  ဖတ်ရှု့သိရသည်။

DOCA(မန္တလေး)