Main menu

တောင်ငူမြို့နယ်အတွင်းရှိ မြန်မာအကင်ဆိုင်အကြောင်း

Powered by Drupal
Mon, 12/29/2025 - 10:14 -- consumer_admin

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းတွင် အစားအသောက် နှင့်ပတ်သက်၍ ရွေးချယ်စရာများစွာရှိသော ဆိုင်ငယ်/ဆိုင်ကြီးစသည်ဖြင့် အစားအသောက်ဆိုင် များစွာဖွင့်လှစ်ထားပါသည်။ ယင်းတို့အနက် နေ့လယ် ၂နာရီတွင်စတင်ဖွင့်လှစ်ပြီး ည ၇ နာရီအထိ ရောင်းချလျက်ရှိသော မြန်မာအကင်ဆိုင်လေးသည် တောင်ငူဒေသခံစားသုံးသူများအကြားတွင် နာမည်ကြီးပြီး လူတိုင်းလိုလိုစားသုံးပြီးကြပြီဖြစ်ပါသည်။ ထိုမြန်မာ အကင်ဆိုင်လေးဖွင့်လှစ်ခဲ့သည် မှာနှစ်ပေါင်း ၁၅ နှစ်ကျော်ရှိခဲ့ပြီး အရသာကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာမှုကြောင့် ယနေ့တိုင် လူကြိုက်များပြီး စားသုံးသူမပြတ်ရှိနေပါသည်။

    မြန်မာအကင်ဆိုင်တွင် အကင်အမျိုးအစားများစွာရှိပြီး အကင်နှင့်တွဲဖက်စားသုံးရသော ငရုတ်ဆီအချဉ်ရည် ကောင်းမွန်မှုကြောင့်လည်း အကင်အရသာပိုမိုကောင်းမွန်သွားခြင်းဖြစ်ပါသည်။ မြန်မာအကင်ဟုဆိုသော်လည်း မီးနှင့်ကင်ထားခြင်းမဟုတ်ဘဲ ဆီနှင့်လှိမ့်ထား၍သော်လည်းကောင်း၊ ရေနွေးဖြင့်ခဏတာပြုတ်၍သော်လည်း ပြုလုပ်ထားခြင်းဖြစ်ပါသည်။ မြန်မာအကင်တွင် ငုံးဥကြော်၊ ငုံးဥပြုတ်၊ အသားတု၊ ပဲပြား၊ တို့ဟူးကြော်၊ တို့ဟူးအစိမ်း၊ အာလူး၊ ပဲသွေး၊ ရုံးပတီသီး၊ သခွားသီး၊ ပြောင်းဖူးကြော်စသည်တို့ကို တုတ်တံလေးများဖြင့် ထိုးထားပြီး အကင် ၁ ချောင်း လျှင် ၁၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိနေပြီး နေ့စဉ်အရောင်းသွက်လျက်ရှိကြောင်း၊ ယခင်က မြန်မာအကင် ၃ ချောင်းလျှင် ၁၀၀ ကျပ်၊ အကင် ၁ ချောင်းလျှင် ၅၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းနှင့် ယခုအခါ ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။

DOCA(ပဲခူး)